တနင်္လာ, 2024-04-29, 3:45 PM
မင်္ဂလာပါ ဧည့်သည် | RSS
Site menu
Section categories
အမောပြေ ရယ်စရာလေးများ [72]
အချစ်နှင့်စဉ်းစားစရာလေးတွေ [18]
နိုင်ငံရပ်ခြားသတင်းများ [8]
ခံစားမိတာလေးတွေ [20]
ရေးချင်ရာရေးအသိပေး
200
ပြောကြပါဦး
ကျွန်ုတို့ ၀န်ဆောင်မှုအခြေအနေ
Total of answers: 161
Statistics

Total online: 1
Guests: 1
Users: 0
Main » ခံစားမိတာလေးတွေ
« 1 2
ဖောက်သည်သည် ကျွန်ုပ်တို့ဆိုင်သို့လာရောက်သော အရေးကြီးပုဂ္ဂိုလ်ဖြစ်သည်။


သူသည် ကျွန်ုပ်တို့အပေါ်မှီခိုနေသူမဟုတ်ပါ။ ကျွန်ုပ်တို့ကသာ သူ့အပေါ်မှီခိုနေခြင်းဖြစ်ပါသည်။

·         ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »

Category: ခံစားမိတာလေးတွေ | Views: 790 | Added by: TheCross | Date: 2011-01-05 | Comments (0)

သူနဲ့သူမ မင်္ဂလာဆောင်တာ (၁၀)နှစ်တင်းတင်း ပြည့်ခဲ့ပြီ။ လင်မယားနှစ်ယောက်ကြားမှာ ဘာစိတ်လှုပ်ရှားမှုမှ မရှိတော့သလို စိတ်ဝင်စားမှုလည်း မရှိတော့ဘူး။ အချိန်ကြာလေ သူမကို တာဝန်နဲ့ဝတ္တရားအရ သူဆက်ဆံနေရတယ်လို့ သူထင်လာလေဖြစ်တယ်။ သူမအပေါ် သူငြီးငွေ့လာခဲ့တယ်။ အထူးသဖြင့် သူ့အလုပ်မှာ အသစ်ဝင်လာတဲ့ သွက်သွက်လက်လက် ကောင်မလေးတစ်ယောက်ကြောင့် ဖြစ်တယ်။ ကောင်မလေးက သူ့ကို ရှုးသွပ်စေခဲ့တယ်။ ဒါဟာ သူ့ရဲ့ဒုတိယအရွယ် စိတ်လှုပ်ရှားခြင်းလို့ သူထင်ခဲ့တယ်။

အကြိမ်ကြိမ် တွေးတောဆုံးဖြတ်ပြီးနောက် သူမနဲ့ကွာရှင်းဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒီလိုခံစားချက်မျိုးက သူမအတွက် ထုံကျင်နေပါပြီ။ တည်တည်ငြိမ်ငြိမ်နဲ့ သူ့ရဲ့တောင်းဆိုချက်ကို သူမခေါင်းညိတ်ခဲ့တယ်။ နှစ်ဦးသား တရားရုံးသွားပြီး ကွာရှင်းခဲ့ကြတယ်။ ကွာရှင်းစာချုပ်ပေါ်မှာ လက်မှတ်ထိုးပြီး ရုံးကနေ သူတို့ထွက်လာကြတယ်။ နှစ်ယောက်စလုံး သူတစ်လမ်း ကိုယ်တစ်လမ်း လွတ်လပ်သူတွေဖြစ်သွားကြပြီ။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲမှာ ဟာတာတာခံစားနေရတယ်။ သူမကို သူတစ်ချက်ကြည့်ပြီး....

"မ ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »

Category: ခံစားမိတာလေးတွေ | Views: 782 | Added by: TheCross | Date: 2010-12-22 | Comments (1)

ကမ္ဘာကြီးကို စတင်ဖန်ဆင်းစဉ်

ဘုရားသခင်က ပထမဦးဆုံး နွားကိုဖန်ဆင်းလိုက်တယ်။ နွားကို လူတွေအတွက် လယ်ထွန်ဖို့၊ ၀န်တင်ဖို့ စတဲ့ အလုပ်အကျွေးတွေလုပ်ဖို့ဆိုပြီး အသက် (၆၀) နေဆိုပြီးဖန်ဆင်းလိုက်တယ်။ အဲဒါနဲ့နွားက ဘုရားသခင်ကို အဲဒီလောက်နှစ် (၆၀) လောက်ကြီးတောင်အလုပ်အကျွေးပြုရမှာ ဆိုတော့ အရမ်းပင်ပန်းမှာပေါ့ ၊ ဒါကြောင့် နှစ် (၂၀ ) ပဲနေပါရစေ ဆိုပြီး ဘုရားသခင်ကို နှစ် (၄၀) ပြန်အပ်လိုက်တယ်။

ဘုရားသခင်က ဒုတိယအနေနဲ့ ခွေးကိုဖန်ဆင်းလိုက်တယ်။ ခွေးကိုကျတော့ လူတွေအိမ်ပေါက်ဝမှာ နေပြီး အိမ်ထဲဝင်တဲ့လူ၊ ဖြတ်သွားတဲ့လူတွေကိုဟောင်ဖို့ စတဲ့ အိမ်လုံခြုံရေးတွေကို သစ္စာရှိရှိလုပ်ဖို့ဆိုပြီး အသက် (၂၀) နေဆိုပြီးဖန်ဆင်းလိုက်တယ်။ အဲဒီမှာခွေးက ဘုရားသခင်ကို အဲဒီလောက်နှစ် ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »

Category: ခံစားမိတာလေးတွေ | Views: 686 | Added by: TheCross | Date: 2010-08-24 | Comments (0)

တခါက တောအုပ်တခုထဲမှာ မျောက်အုပ်တအုပ်နေကြသတဲ့။

မျောက်ကလေးနှစ်ကောင်က တခြား မျောက်တွေထက်ပိုဆော့ကြတယ်။ တနေ့တော့ အဲဒီမျောက်ကလေး နှစ်ကောင်ဟာ ကစားလိုက်ကြတာ အရှိန်လွန်ပြီး ရေတွင်းပျက်ကြီး တခုထဲကို ကျသွားပါကော။ မျောက်ကလေး နှစ်ကောင်ကလည်း ကြောက်လန့်တကြား "ကယ်ကြပါဦး၊ ကယ်ကြပါဗျို့” နဲ့အော်တာပေါ့။ တခြားမျောက်တွေလည်း အော်သံကြားလို့ရောက်လာတော့တာပေါ့။ "ရေတွင်းက အနက်ကြီးပဲ၊ နောက် ကျောက်ချွန်တွေနဲ့၊ အဲဒီလောက်ရှည်တဲ့ နွယ်ပင်လည်းမရှိဘူး” ဆိုပြီး အပေါ်ကမျောက်တွေ ကြံရာမရ ဖြစ်နေကြတယ်လေ။ မျောက်ကလေး နှစ်ကောင်လည်း အရမ်းကြောက်နေကြတာပေါ့။ အဲဒါနဲ့ ကျောက်နံရံကို အတင်းတွယ်တက်ကြတာပေါ့။ ရေစိုနေတော့ ချောကျလိုက် ပြန်တက်လိုက်နဲ့ပေါ့။ အပေါ်ကမျောက်တွေက "မတက်လာနဲ့၊ မတက်လာနဲ့ …” ဆိုပြီးအော်နေကြတာပေါ့။ တွင်းကနက်တော့ မျောက်ကလေး နှစ်ကောင်လည်း မကြားကြဘူး။ ဒီလိုနဲ့ တက်လိုက်၊ ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »

Category: ခံစားမိတာလေးတွေ | Views: 715 | Added by: TheCross | Date: 2010-08-24 | Comments (1)


မန္တလေး နန်းတော်ကြီးရဲ့ အပြင်ဘက် ကျုးံပတ်ပတ်လည်မှာ မနက် ဝေလီဝေလင်းအချိန် ကျန်းမာရေး လေ့ကျင့်ခန်း ပြုလုပ်နေတဲ့ လူတွေထဲ မြန်မာလူမျိုးကို ရှာမတွေ့နိုင် လောက်အောင်ပါပဲ။
"ကျုပ် ပြန်လာတာ မြန်မာအငွေ့ အသက်တွေ၊ ယဉ်ကျေးမှုတွေ စုစည်းထားတဲ့ မန္တလေးမြို့ပါ၊ ဘယ်လို ကြောင့် တရုတ်ပြည်ရောက်နေတာလဲ” လို့ မန္တလေးမြို့ကနေ နှစ် ၂၀ နီးပါး ထွက်ခွာသွားပြီး ပြန်လည်ရောက်ရှိလာသူ ဒေသခံ ဦးအောင်ကြည်က အံ့သြတကြီး ရေရွတ်တယ်။အခုဆိုရင် ဝ၊ ရှမ်း၊ ကိုးကန့်နဲ့ တခြား တိုင်းရင်းသား အမည်ခံထားတဲ့ တရုတ်လူမျိုးတွေဟာ မန္တလေးမြို့နဲ့ အပြည့် ဖြစ်နေပါတယ်။

မန္တလေးမြို့မှ နာမည်ကျော် တရုတ်တန်း (ဓာတ်ပုံ - Meemalee)

မင်းတုန်းမင်း စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၁၅၀ ကြာ တည်ရှိခဲ့တဲ့ မန္တလေးမြို့မှာ လူဦးရေ တသန်း နီးပါး ရှိနေပေမယ့် ဗမာလူမျိုးဒေသခံတွေကတော့ တရုတ်လူမျိုးတွေရဲ့ တဝက်တောင်မကျန်ေ ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »
Category: ခံစားမိတာလေးတွေ | Views: 651 | Added by: TheCross | Date: 2010-08-23 | Comments (0)

ငရဲကြီးရှစ်ထပ်နဲ့ နတ်ပြည် ခြောက်ထပ် ဘုံဘ၀ အစုံပါတဲ့ မြို့တစ်မြို့ကို
ပြပါဆိုရင်တော့ ဘင်္ဂလား ပင်လယ်အော်ကို အထက်စီးက ကြည့်နေတတ်တဲ့
ရန်ကုန်ဆိုတဲ့ မြို့တစ်မြို့၊ ကြယ်ငါးပွင့် ဟိုတယ်ကြီးတွေမှာ ဒေါ်လာ
၁၅၀တန် ညအိပ်ခန်းတွေ ရှိသလို ငွေငါးရာကျပ်နဲ့ ကျောတစ်ခင်းစာလည်း
ရနိုင်တဲ့မြို့။ တချိန်တုန်းကတော့ အတိတ်ပီပီ ရွှေထီးဆောင်းခဲ့တဲ့ ကာလတွေ
ရှိခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီ ဈာပနက အဖြူအမည်း ကားချပ်တွေထဲမှာ
ခပ်ဝါးဝါးသာ ဆတွေးနိုင်တဲ့ အခြေအနေ။ တစ်မြို့လုံးမှာ အပေါဆုံးက
ကြွပ်ကြွပ်အိတ်နဲ့ KTVလို့ အဲဒီမြို့သားတစ်ယောက်က နာနာကျည်းကျည်း
မှတ်ချက်ချတယ်။ အသက်အာမခံချက် မရှိသလို ပေါက်ပြဲနေတဲ့ ပလက်ဖောင်းတွေနဲ့
ပြည့်နှက်နေတယ်။ အထူးယာဉ်တန်းတွေအတွက် နာရီပိုင်းအတွင်း လမ်းသစ်တွေ
ခင်းပြတတ်သလို ရက်ပိုင်းအတွင်း သက်တမ်းကုန်တတ်တဲ့ ကတ္တရာလမ်းတွေနဲ့
လမ်းလျှောက်တတ်ခဲ့တဲ့မြို့လေ။

တချိန်တုန်းကတော့ စိမ်းလန်းခဲ့ဖူးတယ်။ တချိန်တုန်းက ကြွယ်ဝခဲ့ဖူးတယ်။
တချိန်တုန်းကတော့ ပညာတတ်ခဲ့ဖူးတယ်။ အခုတော့ ကူးစက်ရောဂါ ထိသွားတဲ့
မိန်းမပျက် တစ်ယောက်လို ဘယ်သူမှ အဆက်အဆံ မလုပ်ချင်တော့ဘူး။ ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »
Category: ခံစားမိတာလေးတွေ | Views: 657 | Added by: TheCross | Date: 2010-08-23 | Comments (0)

>
> ဒီနေ့ ကျွန်တော်တို့မှာ အိမ်ကြီးကြီးတွေ ရှိကြတယ်။ ဒါပေမယ့် မိသားစုဝင်နည်းနည်းနဲ့။
> အဆင်ပြေမှုတွေ ပိုများလာတယ်၊ ဒါပေမယ့် အချိန်တွေ နည်းကုန်ကြတယ်။
> ကျွန်တော်တို့မှာ ဘွဲ့လက်မှတ်တွေများများ ပိုင်ဆိုင်လာတယ်၊ ဒါပေမယ့် ယေဘုယျအသိတွေ နည်းလာတယ်။
>
>
> ဗဟုသုတတွေ များလာတယ်၊ ဒါပေမယ့် ဝေဖန်ပိုင်းခြားမှုတွေ နည်းလာတယ်။
> ကျွန်တော်တို့မှာ တတ်ကျွမ်းသူတွေ များများရှိတယ်။ ဒါပေမယ့် ပြဿနာတွေ ပိုများလာတယ်။
> ဆေးတွေ များများစားစား ရှိတယ်။ ဒါပေမယ့် ကျန်းမာရေးကောင်းတဲ့သူတွေ နည်းလာတယ်။
>
>
> ကျွန်တော်တို့ အမှုမဲ့အမှတ်မဲ့ သုံးဖြုန်းနေကြတယ်။
> ရယ်တာတော့ အတော်နည်းသွားပြီ။
> ကားမောင်းတာ အတော်မြန်လာကြတယ်။
> ဒေါသဖြစ်ဖို့ အတော်လေးမြန်လာပြီ။
> အိပ်ယာဝင်တာ နောက်ကျလွန်းတယ်။
> စာဖတ်တာ အတော်လေးနည်းတယ်။
> ရုပ်မြင်သံကြားတော့ အတော်ကြည့်ကြသား။ ဘုရားရှိခိုးတာ အတော်နည်းလာပြီ။
>
>
> ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို တိုးပွားဖို့လုပ်ခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ တန်ဖိုးတွေတော့ေ ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »
Category: ခံစားမိတာလေးတွေ | Views: 849 | Added by: TheCross | Date: 2009-08-16 | Comments (0)

“ရေသန့်ဘူးခွံကလေးများ ပါရင်ချပေးပါ၊ ရေသန့် ဘူးခွံလေး ချပေးပါ”ဟု ဘီးလှိမ့်စပြုသည်အထိ ရထားဘေးတွင် ကပ်လိုက်ပြေးရင်း တကျော်ကျော် အော်နေသော ကလေး ၂ ဦးမှာ ရထား အရှိန်ပြင်းလာသည့်တိုင် ပြေးလိုက် နေဆဲ ဖြစ်သည်။

ရထားပေါ်မှ ပစ်ချလိုက်သော ၁ လီတာဝင် ရေသန့်ဘူးခွံလေးတခုကို ကလေး ၂ ယောက်က ပြေးနေရင်း အလုအယက် ကောက်ကြသည်။ သူတို့ဘေးတွင် အရှိန်ပြင်းစွာ ခုတ်မောင်းနေပြီ ဖြစ်သော ရထားကြီးနှင့်အပြိုင် လိုက်ပြေးကြရင်း ပါးစပ်ကလည်း အော်နေကြသည်။ အရှိန်ပြင်းသည်ထက်ပြင်းလာသော ရထားကို သူတို့ ဂရု မစိုက်၊ သူတို့အတွက် ရေသန့်ဘူးခွံလွတ်များ ရရှိရေးကသာ အရေးကြီးပုံ ရနေသည်။

တဘူးလျှင် ကျပ် ၁၀ နှင့် ပြန်ရောင်းနိုင်သော ရေသန့်ဘူးခွံတခွံ ရဖို့အရေး သူတို့ မည်သည့် အန္တရာယ်ကိုမျှ
မမြင်နိုင်ကြ၊ အခန့်မသင့်လျှင် ရန်ဖြစ်ကြသည်။ ထိုသံလမ်းပေါ်မှာပင် တယောက်နှင့်တယောက် နပန်းလုံးကြ သည်ကိုလည်း မြင်တွေ့ရသည်။

“ကျနော်က ရေသန့်ဘူးခွံတင်မဟုတ်ဘူး၊ ရောင်းလို့ရတာ အကုန်ကောက်တာပဲ၊ အမေက ကျနော်တို့ ကောက် ထားတဲ့ ဘူးခွံတွေကို ဒိုင်မှာ သွားရောင်းပေးတယ်၊ အဲဒီက ရတဲ့ ပိုက်ဆံနဲ့ ကျနော်တို့မောင်နှမ ကျောင်းတက်နေ ရတာ”ဟု အသက် ၉ နှစ်အရွယ် မောင် ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »

Category: ခံစားမိတာလေးတွေ | Views: 791 | Added by: TheCross | Date: 2009-06-19 | Comments (0)

``ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင် ဤမှောင်မိုက်တွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော ငါ၏ စိတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါ ကျေးဇူးဆိုပါ၏။

လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုတ်တွင်းသို့ ကျရောက်နေရသော်လည်း ငါကား မတုန်လှုပ်၊ မငိုကြွေး၊ ကံတရား၏ ရိုက်ပုတ်ခြင်းဒဏ်ချက်တို့ကြောင့် ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏။ ညွှတ်ကား မညွှတ်။

ဤဒေါသလောဘတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား သေခြင်းတရားသည် ကြောက်မက်ဖွယ်ရာ  ငံ့လင့်လျက် ရှိ၏။ သို့သော် ငါကား မတုန်လှုပ်သည်ကိုသာ တွေ့ရအံ့။ နောင်ကိုလည်း ဘယ်တော့မျှ မကြောက်သည်ကိုသာ တွေ့ရအံ့။

သုဂတိသို့သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ၊ ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု၊ ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်လေသည်``

Category: ခံစားမိတာလေးတွေ | Views: 785 | Added by: TheCross | Date: 2009-06-06

1-10 11-20
Login form
ရှာဖွေရန်
Entries archive
Player


Copyright MZ Computer © 2024Create a free website with uCoz