ပြောကြပါဦး | |
Statistics |
Total online: 2 Guests: 2 Users: 0 |
|
Main » 2012 » February » 5 » တွေးတွေးပြီးရယ်
တွေးတွေးပြီးရယ် | 2:22 PM |
(၁) စိတ်မနှံ့သူ (ယောက်ျား).... နင့်ကို ငါပြောစရာရှိတယ်။ စိတ်မနှံ့သူ (မိန်းမ)...... ဘာလဲ! ပြောလေ.. စိတ်မနှံ့သူ (ယောက်ျား).... (နား,နားကပ်ပြီး) နင်လျှောက်မပြောရဘူးနော်... ငါက ကွမ်ရင်မယ်တော်ရဲ့သား.
စိတ်မနှံ့သူ (မိန်းမ)..... ဟာ နင်လျှောက်မပြောနဲ့.. ငါ ဘယ်တုန်းက နင့်လိုသားမျိုးမွေးခဲ့လို့လဲ?
(၂) ရွာတစ်ရွာမှာ သူ့ကိုယ့်သူအပျိုကြီးဆိုပြီး ဂုဏ်ယူမဆုံးတဲ့ အမျိုးသမီးကြီးတစ်ဦးရှိတယ်။ အပျိုကြီးဟာ သူမသေဆုံးခင် အုတ်ဂူလုပ်သူကိုရှာပြီး သူ့အုတ်ဂူမှတ်တိုင်မှာ "မွေးလာလဲအပျို၊ ရှင်တော့လဲအပျို၊ သေတော့လဲအပျို" ဆိုပြီးရေးပေးဖို့ မှာခဲ့တယ်။
သူ ဆုံးသွားတော့ ဂူလုပ်သူက သူ့တပည့်တွေကို အပျိုကြီးရဲ့ဆန္ဒအတိုင်း မှတ်တိုင်လုပ်ပေးဖို့ပြောတယ်။ အဲဒီမှာ မှတ်တိုင်ထွင်းသူက မှတ်တိုင်မှာ စာရှည်ရှည်ကြီးမထွင်းချင်လို့ သူ့သဘောနဲ့သူ ထွင်းပေးလိုက်တယ်။ "ပါကင်ပိတ် ပြန်အမ်းသည်"
(၃) မိန်းမဖြစ်သူက ယောက်ျားနောက်မီးလင်းတယ်လို့ သံသယရှိနေလို့ စုံထောက်ငှားပြီး ယောက်ျားနောက်ကို တိတ်တဆိတ်စုံစမ်းစေခဲ့တယ်။ တစ်နေ့တာ ထောက်လှမ်းပြီးနောက် စုံထောက်က မိန်းမဖြစ်သူကို ပြန်ပြောပါတယ်။
"ခင်ဗျားယောက်ျား ဒီကနေ့ညနေမှာ အလှပြင်ဆိုင်တစ်ဆိုင်ရောက်ခဲ့တယ်။ အဲဒီနောက် စတိုးဆိုင်ရောက်ခဲ့တယ်။ စားသောက်ဆိုင်ရောက်ခဲ့တယ်...."
"အင်း.. ကြည့်ရတာ သူတစ်ခုခု ခိုးလုပ်နေပုံရတယ်"
"မဟုတ်ဘူး... သူက ခင်ဗျားနောက် လိုက်ချောင်းနေတာ"
(၄) လူတစ်ယောက် နေရာတစ်နေရာကိုသွားဖို့ လမ်းရှာရင်းရှာရင်း မျက်စိလည်နေခဲ့တယ်။ အဲဒီမှာ အဘွားအိုတစ်ယောက်ကိုတွေ့တော့ သူလမ်းမေးခဲ့တယ်။ အဘွားအိုက သူသွားချင်တဲ့နေရာကို လမ်းညွှန်ခဲ့တယ်။ ၂နှစ် ၃နှစ်ကြာတော့ အဲဒီလူဟာ အဲဒီနေရာကိုနောက်တစ်ခေါက်သွားဖို့ ထပ်ဖြစ်လာတယ်။ ဒီတစ်ခေါက်လည်း လမ်းမမှတ်မိဘဲ သူမျက်စိလည်နေပြန်တယ်။ တိုက်တိုက်ဆိုင်ဆိုင် အရင်တစ်ခေါက်က သူလမ်းမေးခဲ့တဲ့ အဘွားအိုနဲ့ထပ်ဆုံလို့ လမ်းမေးတော့ အဘွားအိုက တအံ့တသြ ထအော်တယ်... "အမလေးဖြစ်ရလေ... အခုထက်ထိတောင် ရှာမတွေ့သေးဘူးလား!"
(၅) လူတစ်ယောက်ဟာ ပြဇာတ်ကြည့်နေရင်းက အပေါ့သွားချင်တာနဲ့ ထသွားလိုက်တယ်။ မိနစ်အနည်းငယ်ကြာတော့ သူပြန်ဝင်လာပြီး ခုံတစ်ခုံကလူကို မေးလိုက်တယ်။
"ဒီမှာ ခင်ဗျာ.... အခုနားက ခင်ဗျားခြေထောက်ကို ကျွန်တော်နင်းမိလိုက်သလား?"
"နင်းလိုက်တယ်.. ဒါပေမဲ့ ရပါတယ်.. ကျွန်တော်မနာပါဘူး"
"အော်.. ဒီခုံမှာ ကျွန်တော်ထိုင်တာ ဟုတ်မဟုတ် သိချင်လို့မေးတာပါ"
Credit to : 99sanay
|
Category: အမောပြေ ရယ်စရာလေးများ |
Views: 761 |
Added by: 7nternet
| Rating: 0.0/0 |
|
Total comments: 1 | |
1
shine
(2013-01-18 5:10 PM)
0
Welcome you.
|
|
|
|
|
|