စနေ, 2024-05-04, 3:05 AM
မင်္ဂလာပါ ဧည့်သည် | RSS
Site menu
Section categories
အမောပြေ ရယ်စရာလေးများ [72]
အချစ်နှင့်စဉ်းစားစရာလေးတွေ [18]
နိုင်ငံရပ်ခြားသတင်းများ [8]
ခံစားမိတာလေးတွေ [20]
ရေးချင်ရာရေးအသိပေး
200
ပြောကြပါဦး
ကျွန်ုတို့ ၀န်ဆောင်မှုအခြေအနေ
Total of answers: 161
Statistics

Total online: 1
Guests: 1
Users: 0
Main » 2010 » November » 20 » တွေးတွေးပြီးရယ်
တွေးတွေးပြီးရယ်
8:59 PM
(၁)
လူတွေကြိတ်ကြိတ်တိုးနေတဲ့ ပဲရစ်မြို့ရဲ့ ရထားဘူတာရုံတစ်ခုမှာ တိုးရစ်တစ်ဦးက အလန့်တကြား ထအော်တယ်။

"ဟာ..... ကျုပ်ပိုက်ဆံအိတ် မတွေ့တော့ဘူး"

ဒါကို ပြင်သစ်အဘိုးအိုတစ်ဦးက ပုခုံးတွန့်ပြပြီး "ဘုရားသခင်ကို အမြန်ကျေးဇူးတင်ပါ"လို့ပြောတယ်။ အဘိုးအိုကဆက်ပြီး "ပဲရစ်မြို့ရောက်ရင် အရာနှစ်ခုကို ခင်ဗျားတင်းတင်း ဆုပ်ကိုင်ထားရတယ်။ တစ်ခုက ပိုက်ဆံအိတ် နောက်တစ်ခုက ဇနီး၊ ခင်ဗျားဘေးမှာ ခင်ဗျားဇနီးရှိနေသေးတာကိုက ခင်ဗျားကံကောင်းလို့ပဲ"

(၂)
ပထမလူ: အရင်ပတ်က ကျွန်တော့်မိန်းမမျက်စိထဲ သဲတစ်ပွင့်ဝင်သွားတယ်။ ဆရာဝန်သွားပြတော့ ကျွန်တော့်ငွေ ၃ရာကုန်သွားတယ်။


ဒုတိယလူး ဟာ.. ခင်ဗျားကံကောင်းတာပေါ့။ အရင်ပတ်က ကျွန်တော့်မိန်းမမျက်စိထဲ အနွေးထည်တစ်ထည် ၀င်သွားတယ်။ နောက်တော့ ကျွန်တော့်ငွေ ၃ထောင်ကုန်သွားတယ်။

(၃)
ဖခင်း သား.. ဘယ်သူကိုအချစ်ဆုံးလဲ! မေမေကိုလား! ဖေဖေကိုလား!
သားး နှစ်ယောက်စလုံးကို ချစ်တယ်။

ဖခင်း တကယ်လို့ ဖေဖေက အမေရိကားကိုသွားမယ်။ မေမေက ပဲရစ်ကိုသွားမယ်ဆိုရင် ဘယ်သူ့နောက်သားလိုက်မလဲ?

သားး မေမေနောက်လိုက်မယ်။

ဖခင်း ဘာဖြစ်လို့လဲ!

သားး ပဲရစ်မြို့က လှတယ်လေ...

ဖခင်း ဒီလိုဆိုရင် တကယ်လို့ ဖေဖေက ပဲရစ်ကိုသွားမယ်။ မေမေက အမေရိကား ကိုသွားမယ်ဆိုရင်ကော ဘယ်သူ့နောက်သားလိုက်မလဲ?

သားး မေမေနောက်လိုက်မယ်။

ဖခင်း ဘာဖြစ်လို့ မေမေနောက်ပဲ လိုက်ရတာလဲ?

သားး ပဲရစ်ကို အခုနားကပဲ သားသွားပြီးပြီလေ..

(၄)
ကိုယ့်အပေါ်အလေးမထားတဲ့ ခင်ပွန်းကို မနာလိုဝန်တိုအောင် ဇနီးဖြစ်သူက သွေးထိုးစမ်းတယ်။

ဇနီးး တကယ်လို့ နင်ရဲ့အကောင်းဆုံး သူငယ်ချင်းနဲ့ ငါအိပ်ခဲ့တယ်ပြောရင် ငါ့ကိုနင်ဘယ်လိုထင်မလဲ?

ခင်ပွန်းး နင်ဟာ လိင်တူချစ်ကြိုက်သူလို့ ငါထင်တယ်။

(၅)
လူတစ်ယောက်ဟာ စိတ်ရောဂါကုဆရာဝန်ဆီရောက်လာပြီး ဒေါသတကြီးနဲ့

"ဆရာ... ဆရာ.. ကျွန်တော်သည်းမခံနိုင်တော့ဘူးဗျာ။ ကျွန်တော့်မိန်းမလေ ညတိုင်းညတိုင်း နှိပ်ကလပ်သွားပြီး သူ့အပေါ် နည်းနည်းကောင်းတယ်ထင်တဲ့ ယောက်ျားတွေကို အခွင့်အရေးပေးတယ်ဗျာ။ အဲဒါ ကျွန်တော်ဘယ်လို လုပ်ရမလဲ" လို့ တိုင်ပင်တယ်။ အဲဒီအခါ ဆရာဝန်က

"မလောနဲ့.. မလောနဲ့ အသက်ကို၀၀ရှု.. ဖြည်းဖြည်းပြော၊ စိတ်သိပ်မလှုပ်ရှားနဲ့။ စိတ်ကိုငြိမ်ငြိမ်ထားပြီး ကျွန်တော့်ကိုပြောပါ။ ခင်ဗျားမိန်းမသွားသွားနေတဲ့ နှိပ်ကလပ်က ဘယ်နှိပ်ကလပ်လဲ?"

(၆)
ဖားကလေးနှစ်ကောင် ချစ်ကြိုက်မိပြီး ယူလိုက်ကြတယ်။ ဖားမလေး ကလေးမွေးတော့ အရုပ်ဆိုးတဲ့ဖားပြုပ်တစ်ကောင် မွေးတယ်။ ဒါကို ဖားထီးက မခံနိုင်ဘဲ ဒေါသတကြီးထအော်တယ်။

"ဘယ်လိုဖြစ်ရတာလဲ.. ငါမသိအောင် မင်းဘာတွေလုပ်ခဲ့တာလဲ?"

"ကလေးအဖေရယ်.. သိပ်မအော်ပါနဲ့။ ကျွန်မက ဖားပြုပ်ပါ.. ရှင်နဲ့မသိခင် ကျွန်မရုပ်ကို ခွဲစိပ်ပြုပြင်ခဲ့ဖူးတယ်"

*** private space ဆိုတဲ့ တရုတ်မဂ္ဂဇင်းမှာ ဖတ်ခဲ့ရတဲ့ ဟာသတွေပါ။ မျှဝေပါတယ်။

နိုင်းနိုင်းစနေ
Category: အမောပြေ ရယ်စရာလေးများ | Views: 751 | Added by: TheCross | Rating: 0.0/0 |
Total comments: 1
1 လင်းနစ်  
0
ကောင်းတယ်ဗျာ......ဆက်ရေးဆက်ရေး.......ရယ်ရတယ်.....

အသင်းဝင်များသာ
[ အသင်းဝင်ရန် | Login ]
Login form
ရှာဖွေရန်
Entries archive
Player


Copyright MZ Computer © 2024Create a free website with uCoz