ပြောကြပါဦး | |
Statistics |
Total online: 3 Guests: 3 Users: 0 |
|
Main » 2010 » April » 20 » ရယ်ရမယ်နော်
ရယ်ရမယ်နော် | 12:44 PM |
ကုမ္ပဏီတစ်ခုတွင် ၀န်ထမ်းများအားလုံး အသုံးပြုနေသော
မိန်းဖရိန်ကွန်ပျူတာကြီးမှာ ရပ်သွားလေသည်. . . ၀န်ထမ်းများလည်း
တတ်သလောက်မှတ်သလောက် နှင့် ကွန်ပျူတာစက် ပြန်လာအောင် လုပ်ကြသော်လည်း
မည်သို့မှ လုပ်၍မရဖြစ်နေသည်. သို့နှင့် နောက်ဆုံးတွင်
ကျွမ်းကျင်သူပညာရှင်တစ်ယောက်ကို ခေါ်၍ပြရလေတော့သည်. . .
ပညာရှင်ရောက်လာပြီး
ကွန်ပျူတာကို စစ်ဆေးကြည့်ရှုပြီး တူအသေးလေးတစ်လက်ကို ထုတ်၍ ကွန်ပျူတာ
အနှံ့အပြားကို လိုက်ခေါက်ရာ မိနစ်အနည်းငယ်ကြာသော် ကွန်ပျူတာကြီးမှာ ပြန်ကောင်းသွားလေသည်.
. . ရက်အနည်းငယ်ကြာသောအခါ ထိုကုမ္ပဏီ မန်နေဂျာထံသို့ ကျွမ်းကျင်သူပညာရှင်၏
ငွေတောင်းခံလွှာတစ်စောင် ရောက်လေသည်. . .
ကွန်ပျူတာပြင်ခ ဒေါ်လာ ၁၀၀၀
တောင်းထားခြင်းဖြစ်သည်. . . ထိုအခါ မန်နေဂျာသည် ပညာရှင်နှင့်
သွားတွေ့ပြီး ပြောလေသည်. . .
"ဒီမှာ ခင်ဗျ ၊ ကွန်ပျူတာပြင်ခ ဒေါ်လာ
၁၀၀၀ ဆိုတာ သိပ်များပါတယ် . . ငါးမိနစ်လောက် တူကလေးနဲ့ ဟိုခေါက်
ဒီခေါက်လုပ်ပြီး ကွန်ပျူတာကောင်းသွားတာပဲ၊ ဒီလောက် ယူဖို့မကောင်းပါဘူး၊
ငွေတောင်းခံလွှာကို ပြန်ပြင်ပေးပါ. . . "
နောက်တစ်နေ့တွင်
ငွေတောင်းခံလွှာအသစ်ရောက်လာရာ
"ကွန်ပျူတာအား တူနှင့်ခေါက်ခ ၁ဒေါ်လာ .
. မည်သည့်နေရာကို ခေါက်ရမည်ကို သိသည့် အတွက် ၉၉၉ ဒေါ်လာ၊ စုစုပေါင်း
ဒေါ်လာ ၁၀၀၀ ဟူ၍ဖြစ်လေသည်. . . "
........................................................................... *ဒါကယောကျာ်းတွေဘက်က
အမြင်ကိုး*
စိုက်ပျိုးရေးတက္ကသိုလ်တက်နေရာမှ ကျောင်းပိတ်ရက်တွင်
အိမ်ပြန်လာရာအိမ်နီးချင်း အမျိုးသမီး တစ်ယောက်က ကျွန်တော့်အား
လာတွေ့ပြီးမေးလေသည်. . . . ကြက်မွေးချင်သဖြင့်
အကြံဥာဏ်လာတောင်းခြင်းဖြစ်သည်. . ကြက်မွေးမြူရေးမှာ ကျွန်တော်သင်ယူသည့်
ဘာသာရပ်မဟုတ်ကြောင်း၊ သို့သော် တစ်နိုင်မွေးလိုလျှင် ကြက်ဖတစ်ကောင်နှင့်
ကြက်မ ၂၅ကောင်လောက် ဆိုရင် လုံလောက်ကြောင်း ကျွန်တော်ကပြောလိုက်ပါသည် .
. . . .
နွေရာသီကျောင်းပိတ်ရက်၌ အိမ်ပြန်လာရာ ထိုအမျိုးသမီး၏
ကြက်မွေးမြူရေးကို သွားကြည့်သည့်အခါ ကျွန်တော် အံ့အားသင့်သွားပါသည် . .
. ကြက်မ ၂၅ ကောင်နှင့် ကြက်ဖအတော်တော်များများကို တွေ့ရသဖြင့်ဖြစ်သည်. .
. . ကျွန်တော်ကရှင်းပြသည်. . . "တကယ်ဆိုရင်
ကြက်ဖတစ်ကောင်နှစ်ကောင်ဆိုလျှင် ဒီကြက်မတွေအတွက် လုံလောက်ပါတယ် . . . "
ကျွန်တော့်ကို
ထိုအမျိုးသမီးက မကျေမနပ်နဲ့ကြည့်ပြီး ပြန်ပြောလိုက်သည်မှာ . . . "ဒါကတော့
ရှင်တို့ယောကျာ်းတွေအမြင်နဲ့ပြောတာကိုး ". . . တဲ့
......................................................................
* တေးထားတာနော်*
သား
. . . ကျွန်တော်မင်္ဂလာဆောင်ရင် အဖေ့ကို မဖိတ်ဘူး ။
အဖေ . . .
ဘာဖြစ်လို့တုန်းကွ ??? ၊
သား . . . အဖေ မင်္ဂလာဆောင်တုန်းက
ကျွန်တော့်ကို မဖိတ်ဘူးလေ။
(ဘလော့မှ ညီအကိုမောင်နှမများ
မင်္ဂလာဆောင်ရင် ..မဖိတ်ပဲ မနေပါနဲ့နော် )
အချောင်ပွတာပဲ
လူတစ်ယောက်ဟာ
ရဲစခန်းထဲဝင်လာပြီး တာဝန်ကျ ရဲဝန်ထမ်းရဲ့ရှေ့မှာ ကြောင်အသေတစ်ကောင်
ဘုန်းကနဲက ပစ်ချလိုက်ပါတယ်.. . . .
လူငယ်. . . . . .
ဒါကြီးကျွန်တော့်အိမ်ရှေ့မှာ ဒါကြီး ဘယ်သူလာပစ်သွားလည်းမသိဘူးဗျာ. . .
ရဲဝန်ထမ်း
. . . . . ကောင်းပြီလေ ခင်ဗျားနာမည်နဲ့ လိပ်စာသာပြောပါ. . . အဲ သုံးလကြာလို့မှ
ပိုင်ရှင် မပေါ်ဘူးဆိုရင် ခင်ဗျားပိုင်ပြီလို့မှတ်လိုက်.
..................................................................
*"ယုံလိုက်စမ်းပါ"*
ဘတ်စ်ကားပေါ်မှာ
အမျိုးသမီးတစ်ယောက်နဲ့ သူ့အမျိုးသားတို့ စကားပြောနေကြတာပေါ.. အမျိုးသမီး
"ကျွန်မတို့ရှေ့မှာ ထိုင်နေတဲ့ ကောင်မလေးကို ရှင်စိုက်ကြည့်နေတဲ့ပုံ ကျွန်မမကြိုက်ဘူးနော်..
. . . " အမျိုးသား "ဘယ်သူ့ကိုပြောတာလည်း . . မီနီစကတ်
အစိမ်းရောင်လေးနဲ့ အညိုရောင် အင်္ကျီလေးနဲ့ အနက်ရောင် ခြေအိတ်လေးတွေနဲ့
သားရေ ကုတ်အင်္ကျီလေးနဲ့ အဲဒီကောင်မလေးလား . . . . " အမျိုးသမီး
"ဟုတ်တယ် သူပဲ . . . " အမျိုးသား "ဟာကွာ ငါသတိတောင်မထားလိုက်မိပါဘူး. . .
. " ..............................................................................
*"ကျေးဇူးတောင်တင်ရမှာ"*
အမျိုးသမီးတစ်ယောက်
သူ့ရဲ့ငယ်သူငယ်ချင်းတစ်ယောက်နဲ့ မမျှော်လင့်ဘဲ တွေ့မိကြပြီး အိမ်ထောင်ရေး
အခြေအနေ မေးမြန်းပြောဆိုကြတဲ့ အခါ.... အမျိုးသမီး
"ကိုယ့်အိမ်ထောင်ရေးလား . . . မနိတ်ပါဘူးကွာ . . ကိုယ့်ယောက်ျားက စားလိုက်ရင်
ဝက်တစ်ကောင်လိုပါပဲ. . ရေလည်းမချိုးဘူး .. . . သူ့ ညစ်ပတ်နံစော်နေတဲ့
အ၀တ်အစားတွေကို လည်း တစ်အိမ်လုံး နေရာ အနှံ့ လျှောက်ပစ်ထားသေးတယ်. . . .
သူ့လုပ်ပုံတွေကို အော်ဂလီဆန်ပြီး စိတ်ညစ်တာနဲ့ ထမင်းတောင် . . . . သိပ်မစားနိုင်ပါဘူးကွာ.
. . . " ငယ်သူငယ်ချင်း " ဒါဖြင့် မင်းယောက်ျားကို
ဘာလို့ကွာမပစ်သေးတာလဲ. . . " အမျိုးသမီး " ကွာပစ်မှာပါ. . . ခုတော့
ကိုယ့်ဘော်ဒီဝိတ် နောက်ထပ် ၁၂ပေါင် ထပ်ကျသွားစေချင်သေးလို့ကွ. . . " ......................................................................
*ကျေးဇူးရှင်ကြီးပါ*
တစ်နေ့တွင်
ခင်ပွန်းဖြစ်သူ အပြင်မှအိမ်သို့ ပြန်ရောက်လာသည်။ ခန်းဆီးနောက်ကွယ်၌ ဖိနပ်မပါဘဲ
ရပ်နေသည့် ခြေထောက်နှစ်ဖက်ကို တွေ့လိုက်ရသည်။ သို့ဖြစ်၍ဇနီးဖြစ်သူကို
ဒေါသတကြီးမေးလိုက်သည်။ "ဟေ့ -မိန်းမ ဒါဘာသဘောလဲကွ" "မောင်
--မောင်တို့ခင်တို့ တယ်လီဖုန်းရအောင် ဘယ်သူလုပ်ပေးလဲ။မောင် မှတ်မိသေးတယ်မဟုတ်လား" "မင်းကိုမေးတာ
တယ်လီဖုန်းအကြောင်းမဟုတ်ဘူး ဒီခြေထောက်နှစ်ချောင်းကို မေးနေတာ" "မောင်ရယ်
မောင်တို့ခင်တို့ ကားပါမစ်ကျအောင် ဘယ်သူလုပ်ပေးလဲ၊မောင်သိတယ်မဟုတ်လား" "အေး
မော်တော်ကားအကြောင်း မေးနေတာမဟုတ်ဘူး" "မောင်ရယ်---
မောင်ရာထူးတိုးအောင် ဘယ်သူလုပ်ပေးလဲ" "အေး --ငါမေးနေတာက
ငါတို့တိုးတက်ကြီးပွားအောင် လုပ်ပေးတဲ့ ကျေးဇူးတွေ အကြောင်းမဟုတ်ဘူးကွ....။ ငါတို့ရဲ့
ကျေးဇူးရှင်ကြီး ဘာဖြစ်လို့ ဖိနပ်မပါဘဲ ရပ်နေရသလဲဆိုတာ မေးနေတာကွ...." .........................................................................
*လုပ်ကြပါအုံး*
ကျွန်တော်တို့ရပ်ကွက်ထဲမှာ
စကားပြောရင် စည်းစနစ်ကြီးလှပြီး စကားပြောနည်းတဲ့ ဒေါ်စန်းရီဆိုတဲ့
အမျိုးသမီးကြီးတစ်ဥိး ရှိပါတယ်။ ဒေါ်စန်းရီက စကားပြောနည်းသလောက် ပြောမယ့်ပြောလည်း
မှတ်သားလောက် အောင်ပြောတတ်ပါတယ်။ ဥပမာပေးလည်း အလွန်ကောင်း လှပါတယ်။ ခင်ပွန်းဖြစ်သူ
က အိမ်မှာ အသုံးမလိုတဲ့ပစ္စည်းတွေကို ရောင်းပစ်မယ်လို့ပြောရင် ဒေါ်စန်းရီက
ကန့်ကွက်တဲ့အပြင် " တော်တို့က တစ်စိတ်ရှိရင် ခါးပိုက်ထောင်ထဲက ဖားပဲထုတ်
ထုတ်ပြီးရိုက်မယ် ဆိုတာပဲသိတယ် " လို့ အချက် ကျကျ ပြောတတ်ပါတယ်. . . တစ်ခါ
ဒေါ်စန်းရီရဲ့သားသမီးတွေ အလုပ်လုပ်တာ နေရာမကျ။ အကင်းမပါး လာဘ်မမြင်ရင်. . "
နင်တို့ကလည်း ညဏ်ထိုင်းတဲ့ အပ်ချုပ်သည် သားအမိလိုဖြစ်နေပြီ " လို့ပြောတော့ သားသမီးတွေက
"ပြောပါအုံး အမေလို့ " ၀ိုင်းမေးကြတယ်။ ဒီတော့ ဒေါ်စန်းရီက " ဒီလိုဟဲ့
တစ်ခါက အပ်ချုပ်သည်သားအမိ (၂) ယောက်ရှိသတဲ့ ၊ သားအမိဆိုပေမဲ့၊ သမီးနှင့်
အမေ လို့ပြောတာ ပိုမှန်မယ်။ တစ်နေ့မှာ သမီးလုပ်တဲံသူဆီကို
ဘောင်းဘီတစ်ထည်ချုပ်ဖို့ အော်ဒါ ရသလို ၊ အမေလုပ်သူထံလည်း မွေ့ရာ
ချုပ်ဖို့ လာအပ်သတဲ့. . . . " "အဲဒါသမီးလုပ်သူက ဘောင်းဘီကို
သစ်တစ်ပင်ရဲ့ "ခွ"စွပ်ပြီး ချုပ်သတဲ့ . . . ချုပ်လည်းပြီးရော ဘောင်းဘီက
ချွတ်လို့ မရတော့ဘူး ဒါနဲ့ သူ့အမေကို အားကိုးတကြီးနဲ့
အကူအညီလှမ်းတောင်းရောတဲ့. . . " " အမေရေ. . . . လုပ်ပါအုံး သမီးဘောင်းဘီ
သစ်ပင်ခွဆုံက ချွတ်လို့မရတော့ဘူးလို့" လှမ်းအော်လိုက်ရော . . အဲဒီမှာ
မွေ့ရာချုပ်နေတဲ့ မိခင်လုပ်သူက ဘာပြောလည်းဆိုတော့ . . . "ခဏနေဦးသမီးရေ
အမေလည်း မွေ့ရာကို အတွင်းထဲက လှိုက်ပြီးချုပ်နေတာ ထွက်မရသေးဘူးတဲ့။ " နင်တို့လည်း
အဲဒီလိုဖြစ်နေပြီလို့ရှင်းပြတော့ သားသမီးတွေအားလုံးက အတောမသတ် နိုင်အောင်
ရယ်လိုက်ကြတာ မပြောပါနဲ့တော့။
|
Category: အမောပြေ ရယ်စရာလေးများ |
Views: 840 |
Added by: TheCross
| Rating: 0.0/0 |
|
Total comments: 1 | |
1
လင်းနစ်
(2011-06-10 4:39 PM)
0
ဟားဟားဟားဟားးးးးးးးးးးးးးးးရယ်ရတယ်ဗျာ.....ကျေးဇူးပဲနော်.....ဟာသလေးတွေ တင်ပေးလို့....
|
|
|
|
|
|