ပြောကြပါဦး | |
Statistics |
Total online: 1 Guests: 1 Users: 0 |
|
Main » 2010 » April » 20 » ပါးစပ်နားရွက်ချိတ်အောင်ရယ်ရမယ်နော်
ပါးစပ်နားရွက်ချိတ်အောင်ရယ်ရမယ်နော် | 12:43 PM |
1.၀မ်းနည်းပါတယ်
"ဘူးတာရုံကိုသွားဖို့ အတိုဆုံးလမ်းကို
ကျေးဇူးပြုပြီး ညွန်းပြစေချင်ပါတယ်”
"၀မ်းနညမ်းပါတယ် ၊
မပြနိုင်ပါဘူး”
" အော် ၊ ခင်ဗျားက ဒီအရပ်က မဟုတ်ဘူးနဲ့ထင်တယ်”
"ဒီအရပ်သားပါပဲ
၊ ဒါပေမယ့် ကျွန်တော်က တက္ကဆီသမားပါ”
2.ပိန်ဆေး
"ဂျင်နီ
၊ ယူ့ယောင်္ကျား အတော့်ကို ပိန် သွားပါလား ၊ ဘာဆေးသောက်သလဲ”
"ဘာဆေးမှ
မသောက်ပါဘူး ၊ နေ့တိုင်းငါးသွားမျှားတယ်”
"ငါးမျှားတာနဲ့ ပိန်တာ
ဘာဆိုင်လို့လဲ”
"ဆိုင်တာပေါ့ ၊ သူက သူမျှားလို့ ရတဲ့ငါးနဲ့မှ
ထမင်းစားတာလေ”
3.မတွန်းနဲ့
ဘတ်စ်ကားပေါ်တွင်
"ခင်ဗျား
ကျွန်တော်ကို ချည်းဘာဖြစ်လို့ တွန်းနေရတာလဲဗျာ”
"ကားက
ဒီလောက်ကျပ်နေတဲ့ ဥစ္စာ လူရွှေးတွန်းနေရအုန်းမှာလား ဗျ”
4.ဆေးကောင်း
အလုပ်သင်ဆရာဝန်မှ
ဝါရင့်သမားတော်ကြီးအား မေးသည်။
"ဒေါက်တာခင်ဗျာ ၊
ချောင်းဆိုးရောဂါအတွက် ၊ ဘာဆေးညွန်းပေးလေ့ ရှိပါသလဲဗျာ”
"၀မ်းနှုတ်ဆေး”
"ဘာ
၊ ဘာ ၀မ်းနှုတ်ဆေး ၊ ဟုတ်လား ၀မ်းနှုတ်ဆေးက ချောင်းဆိုးတာကို သက်သာစေလို့လားဗျာ”
"၀မ်းနှုတ်ဆေးစားထားတဲ့
လူတစ်ယောက်က တော်ရုံ ၊ တန်ရုံနဲ့ ဘယ်ချောင်းဆိုးရဲတော့မလဲ ၊
စဉ်းစားကြည့်စမ်းပါ”
5.ငါမဟုတ်ဘူး
သစ်ခုတ်သမား
နှစ်ဦးသည် အိမ်တစ်အိမ်၏ ရှေ့တွင် ရပ်လိုက်ပြီး တံခါးကို ခေါက်လိုက်သည်။
"နေကောင်းရဲ့လား
၊ ဂျက်”
"ကောင်းတယ် ၊ သူငယ်ချင်းတို့”
"ငါနဲ့ အယ်ဒီနဲ့
အခုပဲတောထဲမှာ လူသေ အလောင်းတစ်လောင်းတွေ့ခဲ့တယ် ၊ ငါတို့က သေတဲ့သူက
မင်းထင်လို့”
"ဒါနဲ့ သူပုံပန်းက ဘယ်လိုရှိလဲ”
"အရပ်အမောင်းက
မင်းအရွှယ်ပဲ”
"ရှပ်အင်္ကျီ အနီရောင်နဲ့လား”
"မဟုတ်ဘူး
အညိုရောင်ကွ”
"ဒါဆိုရင်တော့ ငါ မဟုတ်ဘူး”
6.ခေတ်ဆိုး
ဆိုင်တစ်ဆိုင်ကိုဖောက်ခိုးနေသော
သူခိုးကို ရဲသားက လက်ပူး လက်ကြပ်မိသွားသည်။
ရဲသား - "
မင်းဘာဖြစ်လို့ ဒီဆိုင်ကိုမှ ဖောက်ခိုးရသလဲ”
သူခိုး -
"ကျွန်တော်အိမ်နဲ့ နီးလို့ပါ ၊ သိတဲ့အတိုင်းခေတ်က မကောင်းတော့ အိမ်ကိုပစ်ပြီး
အကြာကြီး မသွားချင်လို့ပါဗျာ”
7.သိရအောင်ပါ
ဆံရှည်ကိုယ်တော်တစ်ဦး
ဆံပင်ညှပ်နေစဉ် ဖြစ်သည်။
လူငယ်"ဆံပင်ညှပ်နေတုန်းမှာ ဘာဖြစ်လို့
ကျွန်တော် နှာခေါင်းကို ကိုင်ထားရတာလဲဗျာ”
ဆံပင်ညှပ်ဆရာ "အော်
ဒါလား ၊ မင်းမျက်နှာ ဘယ်ဘက်မှာ ရှိလဲဆိုတာ သိရအောင်လိုပါ”
|
Category: အမောပြေ ရယ်စရာလေးများ |
Views: 820 |
Added by: TheCross
| Rating: 0.0/0 |
|
|
|