သောကြာ, 2024-05-03, 4:39 PM
မင်္ဂလာပါ ဧည့်သည် | RSS
Site menu
Section categories
အမောပြေ ရယ်စရာလေးများ [72]
အချစ်နှင့်စဉ်းစားစရာလေးတွေ [18]
နိုင်ငံရပ်ခြားသတင်းများ [8]
ခံစားမိတာလေးတွေ [20]
ရေးချင်ရာရေးအသိပေး
200
ပြောကြပါဦး
ကျွန်ုတို့ ၀န်ဆောင်မှုအခြေအနေ
Total of answers: 161
Statistics

Total online: 1
Guests: 1
Users: 0
Main » 2009 » October » 24
နာမည်ကြီး စုံစမ်းထောက်လှမ်းရေးအဖွဲ့ တစ်ခုက အလွန်အင်မတန်မှ ကို ရက်စက်သော လူသတ်သမားတစ်ယောက်ကို အလိုရှိနေတဲ့အတွက် လူရွေးချယ်ကြပါတယ် ။ နောက်ဆုံး ဆန်ခါတင် အနေနဲ့ ယောင်္ကျား ၂ ယောက်နဲ့ မိန်းမ ၁ ယောက် ကိုရွေးချယ်လို့ရကြတာပေါ့လေ ။ အဲဒီတော့ နောက်ဆုံး စမ်းသပ်မှု အနေနဲ့ သူတို့ ၃ ယောက်ကို စစ်ဆေးကြတာပေါ့ ။ ပထမဆုံး ယောင်္ကျားကို ဗလာကျည်ဆန်တွေ ပါတဲ့ သေနတ် တစ်လက်ပေးပြီး တစ်ဖက်အခန်းမှာ ရှိတဲ့ သူ့မိန်းမကို သွားသတ်ခိုင်းပါတယ် ။ အဲဒီ လူက ခါးခါးသီးသီးကို ငြင်းပါတယ် .. သူ့မိန်းမကို သူ မသတ်ရက်ပါဘူးတဲ့ ...။ ဒုတိယ တစ်ယောက်ကလဲ ဒီလိုပဲ ကိုယ့်မိန်းမတော့ ကိုယ် မသတ်နိုင်ပါဘူးလို့ပဲ ငြင်းပါတယ် ..။ အဲဒါနဲ့ နောက်ဆုံး အမျိုးသမီး အလှည့်ရောက်လာတာပေါ့ အမျိုးသမီးကိုပြောတယ် .. ဒီသေနတ်ကို ယူသွားပြီး ခင်ဗျား ယောင်္ကျားကို ပစ်သတ်လာခဲ့ပါပေါ့ .. အမျိုးသမီးက အခန်းထဲ ၀င်သွားတယ် အခန်းထဲက ဆူဆူညံညံ အသံတွေ ကြားရပြီး အမျိုးသမီးက မောမောပန်းပန်းနဲပ ပြန်ထွက်လာတယ် အပြင်က အရာရှိတွေကို စိတ်ဆိုးဆိုးနဲ့ ပြောလိုက်တယ် ရှင်တို့က ဗလာကျည်ဆန်တွေ ဘာလို့ထည့်ထားတာလဲ .. အမလေး မနည်းကို ရိုက်သတ်ခဲ့ရတယ်
Category: အမောပြေ ရယ်စရာလေးများ | Views: 695 | Added by: 7nternet | Date: 2009-10-24

Login form
ရှာဖွေရန်
Entries archive
Player


Copyright MZ Computer © 2024Create a free website with uCoz