တနင်္လာ, 2024-04-29, 10:36 PM
မင်္ဂလာပါ ဧည့်သည် | RSS
Site menu
Section categories
အမောပြေ ရယ်စရာလေးများ [72]
အချစ်နှင့်စဉ်းစားစရာလေးတွေ [18]
နိုင်ငံရပ်ခြားသတင်းများ [8]
ခံစားမိတာလေးတွေ [20]
ရေးချင်ရာရေးအသိပေး
200
ပြောကြပါဦး
ကျွန်ုတို့ ၀န်ဆောင်မှုအခြေအနေ
Total of answers: 161
Statistics

Total online: 1
Guests: 1
Users: 0
Main » 2009 » September » 15 » ရည်းစားစာ
ရည်းစားစာ
0:44 AM
မေရေ

အချစ်နဲ့ ပက်သက်လာရင် ကိုယ်ရဲ့ခွန်အားတွေဆိုတာဟာ
(A)ရာဝတီတိုင်းမှာ မွှေနှောက်တိုက်ခတ်သွားတဲ့ နာဂစ်ဆိုင်ကလုန်းလေမုန်
တိုင်းလို ကြီးမားပါရဲ့ မေရယ်.....။မေ့ရဲ့ ပတ်ဝန်းကျင်မှာ ..
(B)လူး၊ဂုမ္ဘာန် ၀န်းရံစောင့်ကြပ်နေအုံးတော့၊ ကိုယ် ဘာလို့ မှုနေရမှာလဲ
..ဟင်း ..ဟင်း ..၀ီစကီထဲ
(C) ပလပ်ရောစပ်ပြီးဆတ်ခနဲ မော့ချလိုက်ရင်း ရန်စွယ်တွေမှန်သမျှ
အန္တရာဃ်တွေမှန်သမျှကို ဟော
(D)ကောင်ဖြေရှင်းသုတ်သင်ပြပါမယ် မေ။
တကယ်တော့ ကိုယ်ဟာ မေနဲ့ပက်သက်လာခဲ့ရင် အင်မတန်မှ
စွဲလမ်းစိတ်ကြီးမားတဲ့သူပါမေရယ်
၊ဘယ်လောက်တောင်မေ့အပေါ် စွဲ လမ်းသလဲဆိုတော့
မေအမှတ်မထင် လွှတ်ထုတ်လိုက်တဲ့
(E) သံကလေးကိုတောင် အာရုံထဲမှာ စွဲငြိနေပါ
သေးတယ်၊ဘာပဲဖြစ်ဖြစ်ကိုယ့်အဖို့တော့ ကြင်နာသူက လမ်းခွဲသွားရင်
ကိုယ့်ဘ၀ တစ်ခုလုံး ပိုးစိုးပက်စက် စုတ်စုတ်ပြတ်ပြတ်နဲ့
(F) ရိုဖရဲဖြစ် မှာသေချာပါတယ်မေ။   မေရယ် ကိုယ်မေတ္တာကို တုံ့ပြန်ပေးပါ။
ကိုယ့်ကို ချစ်ခွင့်ပေးပါ၊ ကိုယ်မြတ်နိုးတဲ့ ပန်းကလေးရဲ့ ရနံ့ကို
ပိုင်ပိုင်နှိင်နှိင် ရှိုက်နမ်း မွှေးကြူခွင့်ပြုပါ။ဘ၀တစ်သက်စာ အတွက်
ပိုင်ဆိုင်ခွင့်ပေးပါ။ မေ့အသဲဆိုင်ကို စွဲပိုင်ခွင့်ပေးပါ။
သည်လိုတောင်းဆိုလိုက်တာတွေနဲ့ ပက်သက်လို့ ကိုယ်ဟာ အင်မတန်မှ
(G) ကျတဲ့ သူရယ်လို့လည်းထင်မှတ် မသွားပါနဲ့အုံး။ မေရယ် ...
ကိုယ်တောင်းခံထားတဲ့အချစ်နဲ့ ပက်သက်ပြီး
(H) ချင်ယောင်လည်း ဆောင်မနေပါနဲ့တော့၊ ကိုယ်ဟာတစ်သည်းမှာတစ်သက်၊
တစ်သက်မှာ တစ်ယောက်၊ မျက်နှာလဲ မများတတ်သလို
(I) တွေတိုင်းလည်း
ခြေဆေးတက်သူ မဟုတ်ဘူးဆိုတာ ယုံထားလိုက်စမ်းပါ။
မေရေ ကိုယ့်ကို အခုလေ
(J) ပန်မလေး တစ်ယောက်က သဘောကျနေပြီး၊ ချောလှချည်လား
အကိုရယ်လို့ လာပြောနေတယ်။
ဒါတင်မဟုတ်သေးဘူး၊ တရုပ်မလေး တသိုက်ကလဲ
(K) မိုက်လို့ အသေကြိုက်တယ် အကိုရယ်တဲ့။
ဒါပေမယ့်လေ  မေကလွဲရင်  အားလုံးဟာ
အရိုးပေါ် အသားတင်၊ အသားပေါ် အရေပြားကပ် မယားမှတ်စရာ မဟုတ်ပါဘူးကွာ။
ကိုယ် စကားအများကြီးပြောလို့ တအားကြီးလဲ ဒေါသမထွက်ပါနဲ့နော်။
မေနဲ့ကိုယ်တို့ကြားမှာလေ လက်ကလေးတွေ တွက်ချိုးရေဖို့ရာ အမျက်ကလေးတွေ
သက်ဆိုးမရှည်ခဲ့ပါဘူးနော်၊ ကိုယ်သူငယ်ချင်းတွေကလေ ကိုယ့်ကိုမေးကြတယ်၊
ကိုယ်ဟာမေ့ကို
(L) ဆိုင်းဇီနဲ့တူလို့  သဘောကြလို့ ချစ်သွားတာလားတဲ့၊ ရယ်ပဲရယ်စရာ
ကောင်းသေးတော့၊ ကိုယ်က မေ့ရင်ထဲက ဖြူစင်တဲ့နှလုံးသားလေးကိုသာ
ချစ်တဲ့အကြောင်း သူနဲ့တူလို့ ချစ်တာ
(M) ဟုတ်တဲ့အကြောင်း ပြောပြလိုက်မှ ငြိမ်သွားကြတယ်၊ ဒါတောင်မှ
အထွန့်တက်လာကြသေးတယ်။
မေရယ် .......။
(N) ဏ္ဏဝါလှိုင်းရေပြင်ထက်မှာတော့ ငှက်မောင်နှံက တူယှဉ်တွဲ ပျံသန်းလို့ပေါ။
ကိုယ်ဟာ မေ့အပေါ်
(O) မင်းရင့်ရော်တဲ့အထိ မပြယ်သောမေတ္တာများနဲ့ ချစ်သွားမယ်သူပါ၊
သည်လိုမျိုး မေ့ အပေါ် ထားတဲ့  သစ္စာတွေမမြဲပဲ  မေတ္တာတွေ နဲခဲ့မယ်
ဆိုရင် အဏ္ဏဝါမြစ်ရေအလျဉ်ကို အန်တုကာတားဆီးနေတဲ့
(Q) ပင်တွေကို နှုတ်ပြီး ကိုယ့်ရင်ဝကို မညှာမတာသာ ဆောင့်ထိုးလိုက်ပါတော့။
သတိတော့ထားမေ၊ လက်ကလေး နာအုံးမယ်နော်။
ကိုယ်ဟာ ဖြီးဖြန်းအပိုကဲလို့ မညာတက်သလို ကျီးကန်းလိုလည်း မ
(R) တက်ပါဘူး၊ ကိုယ်အချစ်က ငရဲမီး
(S) ဆစ် အစားခံရဲတဲ့ ဇဗ္ဗူရာဇ်ရွှေစင်နှလုံးသားပါ မေရယ်၊ စကားတွေကို
(T) တီတာတာ မဖွဲ့နွဲ့ တက်ပါဘူး၊မေတ္တာတွေပေးခဲ့ပြီင်္း သူမို့ မေတ္တာကိုတော့ ပြန်
(U)ချင်ပါတယ်မေ။ ကိုယ်အခု ချောင်းသာကမ်ခြေကို အလကားခေါ်မယ့်သူရှိလို့ ရောက်နေတယ်မေ။
သည်စာကို ပင်လယ်ကမ်းစပ်နားမှာရှိတဲ့ က
(V) ပင်တစ်ပင်အောက်မှာ ရေးနေတာ။ သည်အချိန်မှာပဲ ဘယ်ကောင် မောင်းလာမှန်း
မသိတဲ့ ဘီအမ်
(W)ကားတစ်စီးက ကိုယ့်ကိုလာတိုက်တယ်မေ ၊ အမယ်လေးလေး၊ အောင့် လိုက်တာ၊
နာလိုက်တာ၊ အသဲတွေ ကွဲကြေကုန်ပြီမေ။
နံရိုးတလျှောက်မှာ လှံထိုးလို့ ပေါက်သလိုပဲ မေ၊ ရန်ကုန်ပြန်ရောက်တော့မှပဲ
(X) ရေး ဓါတ်မှန် ရိုက်ကြည့်ရတော့မှာပဲ။ စာလည်းရှည်သွားခဲ့ ပြီ ....... မေ။
သည်းခံပြီး ဖတ်တာ ကျေးဇူးအရမ်းတင်သလို ရင်ထဲက လွမ်းပင်လေးလည်း ရှေနေပြီမေ။
အဲ ....... တစ်ခုတော့ ရှိတယ်။
ကိုယ်အပေါ် မေ့ ဆီက မေတ္တာ တုံ့ပြန်မလာဘူး ဆိုရင်တော့ ကိုယ်ဟာ အင်ဂျင်
(Y) နဲ့ ပိုးသတ်ဆေး သောက်ရင်း
(Z) ကျိုးလို့ နိဂုံး ချူပ်သွားပါလိမ့်မယ်။
ဒါကိုလဲ မေအသိဆုံး၊ ကိုယ့်ဘ၀လဲ နေထိ ဂမုန်းပါပဲမေရယ်။

ကိုယ်မသေခင် မေ့အတွက် သေတမ်းစာ တစ်စောင် ရေးပေးခဲ့မယ်နော်။
A B C D E F G   ပါပဲမေ၇ယ်။
A Boy Can Do Everything For Girl  ပါပဲမေရယ်။
Category: အချစ်နှင့်စဉ်းစားစရာလေးတွေ | Views: 1403 | Added by: mno | Rating: 0.0/0 |
Total comments: 0
အသင်းဝင်များသာ
[ အသင်းဝင်ရန် | Login ]
Login form
ရှာဖွေရန်
Entries archive
Player


Copyright MZ Computer © 2024Create a free website with uCoz