မိုက်ခရိုဆော့ဖ်ကုမ္ပဏီသည် လာမည့်အောက်တိုဘာလတွင်
စတင်ဖြန့်ချိမည့် Operating System Windows 7 ဈေးနှုန်းများ ကို
ထုတ်ပြန်ကြေညာခဲ့ပြီး အောက်တိုဘာလ ၂၂ ရက်နေ့တွင် စတင်ဖြန့်ချိမည် ဖြစ်သည်။
Windows 7 မဖြန့်ချိမီ ဇွန်လ ၂၆ ရက်နေ့မှ
အောက်တိုဘာလ ၂၂ ရက်နေ့ကြား Windows Vista ပါ ကွန်ပျူတာ
ဝယ်ယူသူများအနေဖြင့် Windows Vista သို့အခမဲ့ပြောင်းလဲခွင့်ရမည်ဖြစ်သည်။
အခမဲ့ ပြောင်းလဲခွင့်ပေးရန် စီစဉ်ခြင်းမှာ အောက်တိုဘာလမတိုင်မီ Windows
စနစ်သုံး ကွန်ပျူတာ ၀ယ်ယူသုံးစွဲရန် စီစဉ်သူများမနစ်နာစေရန်
ရည်ရွယ်ခြင်းဖြစ်သည်။
မိုက်ခရိုဆော့ဖ်၏ အပြင်းအထန်ဝေဖန်ခံခဲ့ရသော
Windows Vista စနစ်မှ ချွတ်ယွင်းချက်များကို စနစ်တကျပြင်ဆင်ထား သည်ဟု
မိုက်ခရိုဆော့ဖ်က ကြေညာခဲ့သည်။ လက်ရှိ Windows စနစ်သုံး ကွန်ပျူတာများကို
Windows 7 သို့အဆင့်မြှင့် မည်ဆိုပါက Home Premium Version ကို အမေရိကန်
နိုင်ငံတွင်း ဒေါ်လာ ၁၂၀ ဖြင့် ၀ယ်ယူရမည်ဖြစ်ပြီး Professional Version ကို
ဒေါ်လာ ၂၀၀၊ Ultimate Version ကို ဒေါ်လာ ၂၂၀ ကျသင့်မည်ဖြစ်သည်။
ဝယ်မည်ဆိုပါက Home Premium Version ကို ဒေါ်လာ
၂၀၀၊ Professional Version ကို ဒေါ်လာ ၃၀၀၊ Ultimate Version ကို ဒေါ်လာ ၃၂၀
ကျသင့်မည်ဖြစ်သည်။ ကြိုမှာ သူများအနေဖြင့် ၅၀ ရာခိုင်နှုန်း နှင့်အထက်လျော့
ဈေးရရှိနိုင်သည်ဟု သိရသည်။
|