တနင်္ဂနွေ, 2024-05-05, 5:25 AM
မင်္ဂလာပါ ဧည့်သည် | RSS
Site menu
Section categories
အမောပြေ ရယ်စရာလေးများ [72]
အချစ်နှင့်စဉ်းစားစရာလေးတွေ [18]
နိုင်ငံရပ်ခြားသတင်းများ [8]
ခံစားမိတာလေးတွေ [20]
ရေးချင်ရာရေးအသိပေး
200
ပြောကြပါဦး
ကျွန်ုတို့ ၀န်ဆောင်မှုအခြေအနေ
Total of answers: 161
Statistics

Total online: 1
Guests: 1
Users: 0
Main » 2009 » May » 28 » တွေးတွေးပြီး ရယ် ၂
တွေးတွေးပြီး ရယ် ၂
10:01 PM


၁)

သူငယ်တန်းတက်စ ၅နှစ်သမီးလေး

“မေမေ .. မေမေ သမီးကို အတန်းထဲက ကောင်လေးက ကြိုက်လို့တဲ့။ သမီးကို ယူမယ်လို့ပြောတယ်”

“သမီးကိုယူဖို့ သူ့မှာ အလုပ်အကိုင်ရော ရှိလို့လား”

“ရှိတယ် မေမေ... သူက သမီးတို့အတန်းက ကျောက်သင်ပုန်းဖျက်တဲ့လူလေ”

၂)
မောင်မယ်သစ်လွင် ကြိုဆိုပွဲ

ကျောင်းသားသစ်..... ကျွန်တော်ငယ်ငယ်တုန်းက ဖြူဖြူဖွေးဖွေး ချစ်စရာလေး။ မေမေက ကျွန်တော့်ဆံပင်ကို ကောက်လိုက်တော့ မိန်းကလေးနဲ့ ပိုတူသွားတယ်။ လူတိုင်းက ကျွန်တော့်ကို မိန်းကလေးလို့ ထင်ကြတယ်။

ကျောင်းသားများ ....... မင်းစိတ်ညစ်ရတာပေါ့။

ကျောင်းသားသစ်..... စိတ်ညစ်တာပေါ့ဗျာ။ အတန်းပိုင် ဆရာမကတောင် ကျွန်တော့်ကို မိန်းကလေးလို့ထင်ပြီး ကောင်မလေးတွေနဲ့ ထိုင်ခိုင်းတယ်။ နောက်တော့ အမေက ကောက်နေတဲ့ ကျွန်တော့်ဆံပင်တွေကို ညှပ်ပစ်လိုက်မှ ယောက်ျားလေးမှန်း သိသွားကြတယ်။

ကျောင်းသားများ..... ဟာ .. ဒါဆို မင်းတို့အတန်းပိုင် လန့်သွားမှာပေါ့။

ကျောင်းသားသစ်..... ဆရာမ လန့်မသွားဘူး။ ကျွန်တော့်ကို မိန်းကလေးထင်ပြီး နေ့တိုင်း ကျောင်းကြို ကျောင်းပို့လုပ်နေတဲ့ ကျောင်းသားက လန့်သွားတာ...

၃)
တစ်ခါက လူတစ်ယောက်ဟာ မွေးနေ့မှာ ကြက်တူရွေးတစ်ကောင်ကို လက်ဆောင်ရလိုက်တယ်။ ကြက်တူရွေးက လူစကားတတ်ပေမယ့် ရိုင်းရိုင်းစိုင်းစိုင်းတွေပဲ ပြောတယ်။

ပိုင်ရှင်က ကြက်တူရွေးကို လိမ်မာယဉ်ကျေးလာအောင်၊ သိမ်မွေ့လာအောင် သင်ပေးပေမယ့် မထူးခဲ့ဘူး။ ဒေါသထွက်ပြီး ကြက်တူရွေးကို အော်ငေါက်တော့ ကြက်တူရွေးပြန်အော်တာကို သူခံရပြန်တယ်။ ကြာတော့ ရိုင်းစိုင်းတဲ့ ကြက်တူရွေးဒဏ်ကို မခံနိုင်ဘဲ သင်္ခန်းစာပေးဖို့ သူဆုံးဖြတ်လိုက်တယ်။

ဒီလိုနဲ့ ကြက်တူရွေးကို လှောင်ချိုင့်ထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ပစ်လိုက်တယ်။ မိနစ်အနည်းငယ် ကြာတော့ ကြက်တူရွေးက အေးခဲလာပြီး အတောင်တဖတ်ဖတ်နဲ့ ရုန်းတော့တယ်။ ပိုင်ရှင်က တအောင့်စောင့်ပြီး ရုန်းသံမကြားမှ တံခါးဖွင့်ပြီး ချမ်းတုန်နေတဲ့ ကြက်တူရွေးကို ထုတ်ပေးလိုက်တယ်။ ကြက်တူရွေးက “အရင်က ကျွန်တော် ရိုင်းစိုင်းခဲ့တာတွေကို ခွင့်လွတ်ပေးပါ။ လိမ်မာယဉ်ကျေးလာအောင် အပြုအမှုနဲ့ စကားတွေကို ကျွန်တော်ပြုပြင်ပါ့မယ်” လို့ ပိုင်ရှင်ကို တောင်းပန်လိုက်တယ်။

အရင်က ကြက်တူရွေးကို ခြောက်လိုက်၊ ငေါက်လိုက်သင်ခဲ့သမျှတွေ အသုံးမဝင်ဘဲ ရေခဲသေတ္တာထဲ ခဏလေးထည့်လိုက်တာနဲ့ ပြောင်းလဲသွားတဲ့ ကြက်တူရွေးကို ကြည့်ပြီး ပိုင်ရှင် နားမလည်ခဲ့ဘူး။ သိလိုစိတ်နဲ့ ကြက်တူရွေးကို မေးမယ်ကြံတုန်းမှာ ကြက်တူရွေး မေးလိုက်တာက “ဒါနဲ့ မသိလို့ မေးပါရစေ... ဟို ရေခဲသေတ္တာထဲက အမွေးပြောင်အောင် နှုတ်ထားတဲ့ ကြက်မှာ ဘာအပြစ်ရှိလို့လဲ ဟင်း” ဟူတည်း။

နိုင်းနိုင်းစနေ စု စည်း တင် ပြသည်။

၁)
တစ်ခါက တိုင်းပြည်တစ်ပြည်မှာ သန်းခေါင်ယံ ည၁၂နာရီတိတိမှာ ဖုန်းနံပါတ် သုည ၁၄လုံးကိုနှိပ်ရင်
သေဆုံးသူတွေရဲ့ ဝိညာဉ်နဲ့ စကားပြောလို့ရတယ်ဆိုတဲ့ အယူတစ်ခုရှိခဲ့တယ်။

တစ်ညမှာ အဲဒီအယူကို အယုံအကြည်မရှိတဲ့ လူငယ်တစ်ယောက်က စမ်းသပ်ကြည့်ဖို့ စိတ်ကူးလိုက်တယ်။ သိလိုစိတ်ပြင်းပြင်းပြပြနဲ့ လူငယ်ဟာ ညသန်းခေါင် ၁၂ နာရီတိတိမှာ သုည ၁၄လုံးကို ကောက်လှည့်လိုက်တယ်။ တကယ်ပဲ ဖုန်းတစ်ဖက်က မိန်းကလေးအသံ တစ်သံထွက်လာတယ်။ ဖုန်းတစ်ဖက်က ပြောလိုက်တာက

“လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ ဖုန်းနံပါတ် မှားယွင်းနေပါသဖြင့်....... ”

၂)
တစ်ခါက ဥရောပဒေသတစ်ခုရဲ့ ညတစ်ညမှာ လူငယ်နှစ်ယောက်ဟာ ဟော်လိုဝင်း ပျော်ပွဲရွှင်ပွဲ
ဆင်နွှဲပြီး အိမ်ပြန်လာခဲ့ကြတယ်။ သူတို့ရဲ့ အိမ်အပြန်လမ်းမှာ သင်္ချိုင်းတစ်ခုရှိတယ်။ လူငယ်နှစ်ယောက်ဟာ စူးစမ်းလိုစိတ်နဲ့ သင်္ချိုင်းထဲဖြတ်လျှောက်ဖို့ စိတ်ကူးလိုက်တယ်။ လျှောက်ရင်းလျှောက်ရင်း တစ်နေရာရောက်တော့ “ရှ...ရှ..ရှ”နဲ့ အသံတစ်သံကို သူတို့ကြားလိုက်တယ်။ နှစ်ယောက်စလုံး လန့်ပြီး အသံလာရာဖက်ကို ကြည့်လိုက်တော့ မှတ်တိုင်တစ်ခုကို ကိုင်ပြီး ရပ်နေတဲ့ အဘိုးအိုတစ်ဦးကို တွေ့လိုက်တယ်။

လူငယ်ထဲက တစ်ယောက်က “အဘိုး.. ဒီလောက်ညဥ့်နက်နေပြီ ဘာလုပ်နေတာလဲ? ကျွန်တော်တို့က မကောင်းဆိုးဝါးထင်နေလို့ဗျ”
လို့ မေးတော့ အဘိုးအို စကားကြောင့် လူငယ်နှစ်ယောက် သုတ်တင်ပြေးကြတော့တယ်။

အဘိုးအို ပြောလိုက်တာက “ ငါ့နာမည် စာလုံးပေါင်းမှားနေလို့ကွ” ဟူတည်း။

၃)
တစ်ချို့တရုတ်တွေက ၄ ဂဏန်းကို လဒ်မရှိတဲ့ဂဏန်း၊ ကံမကောင်းတဲ့ ဂဏန်းလို့ အယူရှိကြတယ်။ “၄” ဂဏန်းရဲ့ အသံထွက်က “သေ”ဆိုတဲ့ တရုတ်စကားနဲ့ အသံထွက်တူနေလို့ပါတဲ့။ ဒါကြောင့် တစ်ချို့စားသောက်ဆိုင်မှာ ခုံနံပါတ် ၄ ကိုမထားသလို တိုက်အထပ် ၄ကိုလည်း ၅ထပ်လို့ ခေါ်ကြတယ်။ ဒီလိုနဲ့.....

ဖုန်းနံပါတ်တွေကို လက်နဲ့ လှည့်ရတဲ့ခေတ်တုန်းက အိမ်တစ်အိမ်မှာ ၄ဂဏန်းပဲပါတဲ့ ဖုန်းနံပါတ်တစ်ခု ရှိခဲ့တယ်။ အဲဒီနံပါတ်ကြောင့် အမည်မသိဖုန်းတွေ၊ အကြောင်းအရာမရှိတဲ့ ဖုန်းတွေ မကြာခဏ လက်ခံခဲ့ရတယ်။ တစ်ညမှာ လူကြီးတွေအိပ်ပြီး လူငယ်တစ်ယောက်တည်း ကျန်နေတုန်း ဖုန်းဝင်လာခဲ့တယ်။ ဖုန်းတစ်ဖက်မှာ လူတစ်ယောက်က အသံတုန်ချိချိနဲ့ ...

“ ဟလို... ဟလို.. ၁၁၉ကို ဖုန်းဆက်ပေးပါ” လို့ ပြောတဲ့အသံကို ကြားတော့ လူငယ်လန့်ပြီး ဖုန်းကို ပစ်ချလိုက်မိတယ်။ မကြာဘူး.. ဖုန်းမြည်လာပြန်တယ်။ အရင်အသံလိုပဲ..

“ ဟလို... ဟလို.... ၁၁၉ ကို ဖုန်းဆက်ပေးပါ” လို့ ပြောတော့ လူငယ်က အရဲစွန့်ပြီး


“ ဘာဖြစ်လို့ ခင်ဗျားကိုယ်တိုင် မဆက်တာလဲ” လို့ မေးလိုက်တယ်။ ဖုန်းတစ်ဖက်က ပြန်ပြောလိုက်တာက

“ မြန်မြန်ဆက်ပေးပါ.. ကျွန်တော် မခံနိုင်တော့ဘူး.. ကျွန်တော့်လက်ညှိုး ဒီ နံပါတ်၎ နေရာမှာ ညှပ်နေလို့” ပါ ဟူတည်း။

တွေးတွေးပြီးရယ်.. ကြောက်ကြောက်နဲ့ ရယ်....း)
နိုင်းနိုင်းစနေ ရှာကြံတင်ဆက်သည်။

Category: အမောပြေ ရယ်စရာလေးများ | Views: 978 | Added by: TheCross | Rating: 0.0/0 |
Total comments: 1
1 ကျော်လေး  
0
လူချောလေးတစ်ယောက်မှာ ချစ်စခင်စ ကြင်နာစ ရည်းစားအသစ်စက်စက်လေး တစ်ယောက်ရှိတယ်။
သူ့အသဲလေး မွေးနေ့အတွက် အမှတ်တရဖြစ်အောင်…ဘာလက်ဆောင်ပေးရင်ကောင်းမလဲလို့ အသည်းအသန်စဉ်းစားရပါတော့တယ်။
သူ့အချစ်လည်း ပေါ်လွင်ရမယ်။
သူမအတွက်လည်း အသုံးဝင်ရမယ်။
အမှတ်တရနဲ့ ဂန္ဓ၀င်လည်း မြောက်ရမယ်ပေါ့။
ဈေးကြီးတာလည်း မတတ်နိုင်ဘူးပေါ့။
နောက်ဆုံးအကောင်းစား လက်အိတ်ဖြူဖြူလေးတစ်စုံဝယ်ဖို့ကြည်နူးစွာဆုံးဖြတ်လိုက်နိုင်ပါတယ်။
မိန်းမအသုံးအဆောင်ပစ္စည်းဆိုင်ကိုသွားမှာမို့ ချစ်သူရဲ့ညီမလေးလည်းပါလာတယ်။
ဆယ်ကျော်သက် လှလှလေးပါပဲ။
ဆိုင်ရောက်တော့ သူကလက်အိတ်အဖြူလေးတစ်စုံ ၀ယ်တယ်။
ချစ်သူ့ညီမလေးက အောက်ခံဘောင်းဘီ (ပင်တီ) တစ်ထည်ဝယ်တယ်။
ဖြစ်ချင်တော့ ထုပ်ပိုးပေးတဲ့အရောင်းစာရေးမ အမှားကြောင့် ချစ်သူ့ညီမကလက်အိတ်ရသွားတယ်။
သူလည်း ဖွင့်စစ်ဆေးမနေဘဲ (ပင်တီ) ပါဆယ်ထုတ်နဲ့ စာတစ်စောင်ရေးပြီးစာတိုက်ကပို့လိုက်တယ်။
>
စာကတော့…

အသဲလေး
ကိုယ်ဘာလို့ ဒီလက်ဆောင်ကို ရွေးချယ်ရသလဲဆိုတော့ မင်းနဲ့ကိုယ် ညနေခင်းတွေ လမ်းလျှောက်ထွက်တဲ့အခါ မင်းဝတ်လေ့ဝတ်ထ မရှိဘူးဆိုတာ ကိုယ်သတိပြုမိလို့ပဲ။
ကိုယ်ကနှိပ်ကြယ်သီးပါတာ ၀ယ်ဦးမလို့ပဲ။
မင့်ညီမက ချွတ်လို့စွတ်လို့လွယ်အောင် အဲ့ဒါကိုပဲ ၀ယ်ဖို့တိုက်တွန်းတယ်။
ဟုတ်တယ်…သူစွပ်ပြချွတ်ပြတယ်…လှလိုက်တာလေ။
စွတ်ရချွတ်ရတာလည်း လွယ်တယ်။
အရောင်းစာရေးမကတောင် သူမလည်းဒါပဲ ၀တ်ကြောင်းနဲ့ သူကိုယ်တိုင်ဝတ်ပြချွတ်ပြသေးတယ်။
အတော်ကြည့်ကောင်းပါတယ်။ သူမက အပေအစွန်းလည်း ရေဆေးရုံနဲ့ ပြောင်ကြောင်းအာမခံတယ်လေ။
ဒီတစ်ခါ ကိုယ်လာရင် မင်းဝတ်ထားတာ မြင်ချင်တယ်။ တွေ့ရင်တော့လား အထပ်ထပ်အခါခါနမ်းပစ်မိမှာပဲ။
သောကြာနေ့မှာ ကိုယ်နမ်းဖို့ ဆက်ဆက်ဝတ်ထားနော်…နော်…

အသဲလေးရဲ့


အသင်းဝင်များသာ
[ အသင်းဝင်ရန် | Login ]
Login form
ရှာဖွေရန်
Entries archive
Player


Copyright MZ Computer © 2024Create a free website with uCoz