တနင်္ဂနွေ, 2024-05-05, 7:39 AM
မင်္ဂလာပါ ဧည့်သည် | RSS
Site menu
Section categories
အမောပြေ ရယ်စရာလေးများ [72]
အချစ်နှင့်စဉ်းစားစရာလေးတွေ [18]
နိုင်ငံရပ်ခြားသတင်းများ [8]
ခံစားမိတာလေးတွေ [20]
ရေးချင်ရာရေးအသိပေး
200
ပြောကြပါဦး
ကျွန်ုတို့ ၀န်ဆောင်မှုအခြေအနေ
Total of answers: 161
Statistics

Total online: 1
Guests: 1
Users: 0
Main » 2009 » May » 28 » တွေးတွေးပြီး ရယ်
တွေးတွေးပြီး ရယ်
9:47 PM
က)
တစ်ခါက စာမေးပွဲတစ်ခုမှာ ဘာသာပြန်စာကြောင်းတွေကို မေးခဲ့တယ်။


၁) I put on my coat and found its first button was gone.
၂) He heard the phone ring and went to get the call.

ဒါကို မြန်မာလို ဘာသာပြန်ရမယ်ဆိုပါစို့...

၁) အနွေးထည်ကို ဝတ်လိုက်တာနဲ့ အင်္ကျီပေါ်က ပထမကြယ်သီး ပြုတ်နေတာကို ကျွန်တော် သတိထားလိုက်မိတယ်။

၂) ဖုန်းသံကြားတာနဲ့ ဖုန်းကို သူကောက်ကိုင်လိုက်တယ်။

ဒါကို ကလေးငယ်တစ်ယောက် ဖြေလိုက်တာက...
၁) shit !
၂) Hello ~ ဟူတည်း။

ခ)
ဆရာမ............ မောင်မောင် တောင်အမေရိကားတိုက် ဘယ်မှာရှိသလဲ? မြေပုံပေါ်မှာ ထောက်ပြပါ။

မောင်မောင်...... ဒီမှာပါ ဆရာမ

ဆရာမ............ မှန်ပါတယ်.. ကဲ အားလုံး တောင်အမေရိကားတိုက်ကို ဘယ်သူတွေ့ခဲ့တာလဲ သိကြလား?

အတန်းသားများ.... သိပါတယ်.. မောင်မောင်ပါ ဆရာမ

ဆရာမ....... ................

ဂ)
ကုလားအုပ်ငယ် တစ်ကောင်ဟာ ပုံပြင်တစ်ပုဒ်ထဲကလိုပဲ ကုလားအုပ်မေမေကို မေးခဲ့တယ်။

“မေမေ.. မေမေ.. ဘာဖြစ်လို့ သားတို့ရဲ့ မျက်တောင်မွေးက ဒီလောက်ရှည်လျှားနေရသလဲ”

“သဲကန္တာရမှာ မေမေတို့ သွားလာတဲ့အခါမှာ သဲတွေ မျက်လုံးထဲ မဝင်အောင် ဒီမျက်တောင်မွေးတွေက ကာကွယ်ပေးတယ်လေ”

“မေမေ... မေမေ.. ဘာဖြစ်လို့ သားတို့ရဲ့ကျောမှာ ပို့ကြီးရှိနေရတာလဲဟင်”

“ပူပြင်းခြောက်သွေ့တဲ့ သဲကန္တာရမှာ မေမေတို့ သွားလာနိုင်ဖို့ ဒီပို့တွေမှာ ရေတွေလှောင်ထားရတယ်လေ သား”

ကုလားအုပ်မေမေရဲ့ အဖြေကို နားထောင်ပြီး ကုလားအုပ်လေးက နားမလည်ဟန်နဲ့ ပြန်မေးလိုက်တာက

“မေမေ... ဘာဖြစ်လို့ သားတို့က ဒီတိရိစ္တာန်ရုံမှာပဲ နေနေရတာလဲ” ဟူတည်း။


ဟာသလေးတွေ တင်ပေးအုန်းဆိုလို့ ရှာကြံပြီး ရီရမယ်ထင်တဲ့ဟာတွေ တင်ပေးလိုက်ပါတယ်။ မရီရရင် ဆောရီးပါလို့။ ဒီထက်ရီရတာလေးတွေ ဖတ်ရပါတယ်။ ဒါပေမယ့် ဟိုဒင်းနည်းနည်းဖြစ်လို့ မတင်ရဲဘူး။ ဘာညာကွိကွ အသံတွေကို ကြောက်တယ်လေး)

Copy from နိုင်းနိုင်းစနေ.blogspot.com
Category: အမောပြေ ရယ်စရာလေးများ | Views: 806 | Added by: TheCross | Rating: 0.0/0 |
Total comments: 1
1 kyawlay  
0
ကလေးကသူ့ အမေကိုမေးတယ် အမေနတ်မိမယ်ဆိုတာ ဘယ်လိုဟာမျိုးလဲတဲ့ သူ့ အမေပြန်ဖြေလိုက်တာကတော့ အရမ်းချောမော်တဲ့မိန်းကလေးကိုပြောတာတဲ့ အဲ့မှာစတွေ့ တာက
မနေ့ ကသူ့ အဖေကဘေးအိမ်းအန်တီအပျိုကြီးကိုကြည့်ပြီး ဟာ..သိပ်လှတဲ့နတ်မိမယ်လေးပါလားလို့ပါးစပ်ကပြောမိလိုက်တယ် ဒါကိုအိမ်ရှေ့ထွက်လာတဲ့သူ့ သားကကြားသွား အဲ့မှာပြသနာကတက်တာပေါ့ဗျ မေမေပြောတော့နတ်မိမယ်ကအရမ်းလှအရမ်းတဲ့သူကိုပြောတာဆို ဖေဖေမနေ့ ကပြောတာတော့ဘေးအိမ်ကအန်ကနတ်မိမယ်လေးပဲတဲ့........ဟားဟား

မရေးတက်ရေးတက်နဲ့ရေးလိုက်တာ....မကောင်းဖတ်ပေးနော်

မရီရလည်းကိုယ့်ဟာကိုကလိထိုးရီပေါ့...ဘယ်သူမြင်တာမှတ်ရို့  အဟီးဟီး


အသင်းဝင်များသာ
[ အသင်းဝင်ရန် | Login ]
Login form
ရှာဖွေရန်
Entries archive
Player


Copyright MZ Computer © 2024Create a free website with uCoz