တနင်္ဂနွေ, 2024-05-05, 7:51 PM
မင်္ဂလာပါ ဧည့်သည် | RSS
Site menu
Section categories
အမောပြေ ရယ်စရာလေးများ [72]
အချစ်နှင့်စဉ်းစားစရာလေးတွေ [18]
နိုင်ငံရပ်ခြားသတင်းများ [8]
ခံစားမိတာလေးတွေ [20]
ရေးချင်ရာရေးအသိပေး
200
ပြောကြပါဦး
ကျွန်ုတို့ ၀န်ဆောင်မှုအခြေအနေ
Total of answers: 161
Statistics

Total online: 1
Guests: 1
Users: 0
Main » 2010 » August » 23
ကမ္ဘာကြီးကို စတင်ဖန်ဆင်းစဉ်

ဘုရားသခင်က ပထမဦးဆုံး နွားကိုဖန်ဆင်းလိုက်တယ်။ နွားကို လူတွေအတွက် လယ်ထွန်ဖို့၊ ၀န်တင်ဖို့ စတဲ့ အလုပ်အကျွေးတွေလုပ်ဖို့ဆိုပြီး အသက် (၆၀) နေဆိုပြီးဖန်ဆင်းလိုက်တယ်။ အဲဒါနဲ့နွားက ဘုရားသခင်ကို အဲဒီလောက်နှစ် (၆၀) လောက်ကြီးတောင်အလုပ်အကျွေးပြုရမှာ ဆိုတော့ အရမ်းပင်ပန်းမှာပေါ့ ၊ ဒါကြောင့် နှစ် (၂၀ ) ပဲနေပါရစေ ဆိုပြီး ဘုရားသခင်ကို နှစ် (၄၀) ပြန်အပ်လိုက်တယ်။

ဘုရားသခင်က ဒုတိယအနေနဲ့ ခွေးကိုဖန်ဆင်းလိုက်တယ်။ ခွေးကိုကျတော့ လူတွေအိမ်ပေါက်ဝမှာ နေပြီး အိမ်ထဲဝင်တဲ့လူ၊ ဖြတ်သွားတဲ့လူတွေကိုဟောင်ဖို့ စတဲ့ အိမ်လုံခြုံရေးတွေကို သစ္စာရှိရှိလုပ်ဖို့ဆိုပြီး အသက် (၂၀) နေဆိုပြီးဖန်ဆင်းလိုက်တယ်။ အဲဒီမှာခွေးက ဘုရားသခင်ကို အဲဒီလောက်နှစ် ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »

Category: ခံစားမိတာလေးတွေ | Views: 686 | Added by: TheCross | Date: 2010-08-24 | Comments (0)

တခါက တောအုပ်တခုထဲမှာ မျောက်အုပ်တအုပ်နေကြသတဲ့။

မျောက်ကလေးနှစ်ကောင်က တခြား မျောက်တွေထက်ပိုဆော့ကြတယ်။ တနေ့တော့ အဲဒီမျောက်ကလေး နှစ်ကောင်ဟာ ကစားလိုက်ကြတာ အရှိန်လွန်ပြီး ရေတွင်းပျက်ကြီး တခုထဲကို ကျသွားပါကော။ မျောက်ကလေး နှစ်ကောင်ကလည်း ကြောက်လန့်တကြား "ကယ်ကြပါဦး၊ ကယ်ကြပါဗျို့” နဲ့အော်တာပေါ့။ တခြားမျောက်တွေလည်း အော်သံကြားလို့ရောက်လာတော့တာပေါ့။ "ရေတွင်းက အနက်ကြီးပဲ၊ နောက် ကျောက်ချွန်တွေနဲ့၊ အဲဒီလောက်ရှည်တဲ့ နွယ်ပင်လည်းမရှိဘူး” ဆိုပြီး အပေါ်ကမျောက်တွေ ကြံရာမရ ဖြစ်နေကြတယ်လေ။ မျောက်ကလေး နှစ်ကောင်လည်း အရမ်းကြောက်နေကြတာပေါ့။ အဲဒါနဲ့ ကျောက်နံရံကို အတင်းတွယ်တက်ကြတာပေါ့။ ရေစိုနေတော့ ချောကျလိုက် ပြန်တက်လိုက်နဲ့ပေါ့။ အပေါ်ကမျောက်တွေက "မတက်လာနဲ့၊ မတက်လာနဲ့ …” ဆိုပြီးအော်နေကြတာပေါ့။ တွင်းကနက်တော့ မျောက်ကလေး နှစ်ကောင်လည်း မကြားကြဘူး။ ဒီလိုနဲ့ တက်လိုက်၊ ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »

Category: ခံစားမိတာလေးတွေ | Views: 715 | Added by: TheCross | Date: 2010-08-24 | Comments (1)


မန္တလေး နန်းတော်ကြီးရဲ့ အပြင်ဘက် ကျုးံပတ်ပတ်လည်မှာ မနက် ဝေလီဝေလင်းအချိန် ကျန်းမာရေး လေ့ကျင့်ခန်း ပြုလုပ်နေတဲ့ လူတွေထဲ မြန်မာလူမျိုးကို ရှာမတွေ့နိုင် လောက်အောင်ပါပဲ။
"ကျုပ် ပြန်လာတာ မြန်မာအငွေ့ အသက်တွေ၊ ယဉ်ကျေးမှုတွေ စုစည်းထားတဲ့ မန္တလေးမြို့ပါ၊ ဘယ်လို ကြောင့် တရုတ်ပြည်ရောက်နေတာလဲ” လို့ မန္တလေးမြို့ကနေ နှစ် ၂၀ နီးပါး ထွက်ခွာသွားပြီး ပြန်လည်ရောက်ရှိလာသူ ဒေသခံ ဦးအောင်ကြည်က အံ့သြတကြီး ရေရွတ်တယ်။အခုဆိုရင် ဝ၊ ရှမ်း၊ ကိုးကန့်နဲ့ တခြား တိုင်းရင်းသား အမည်ခံထားတဲ့ တရုတ်လူမျိုးတွေဟာ မန္တလေးမြို့နဲ့ အပြည့် ဖြစ်နေပါတယ်။

မန္တလေးမြို့မှ နာမည်ကျော် တရုတ်တန်း (ဓာတ်ပုံ - Meemalee)

မင်းတုန်းမင်း စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၁၅၀ ကြာ တည်ရှိခဲ့တဲ့ မန္တလေးမြို့မှာ လူဦးရေ တသန်း နီးပါး ရှိနေပေမယ့် ဗမာလူမျိုးဒေသခံတွေကတော့ တရုတ်လူမျိုးတွေရဲ့ တဝက်တောင်မကျန်ေ ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »
Category: ခံစားမိတာလေးတွေ | Views: 653 | Added by: TheCross | Date: 2010-08-23 | Comments (0)

ငရဲကြီးရှစ်ထပ်နဲ့ နတ်ပြည် ခြောက်ထပ် ဘုံဘ၀ အစုံပါတဲ့ မြို့တစ်မြို့ကို
ပြပါဆိုရင်တော့ ဘင်္ဂလား ပင်လယ်အော်ကို အထက်စီးက ကြည့်နေတတ်တဲ့
ရန်ကုန်ဆိုတဲ့ မြို့တစ်မြို့၊ ကြယ်ငါးပွင့် ဟိုတယ်ကြီးတွေမှာ ဒေါ်လာ
၁၅၀တန် ညအိပ်ခန်းတွေ ရှိသလို ငွေငါးရာကျပ်နဲ့ ကျောတစ်ခင်းစာလည်း
ရနိုင်တဲ့မြို့။ တချိန်တုန်းကတော့ အတိတ်ပီပီ ရွှေထီးဆောင်းခဲ့တဲ့ ကာလတွေ
ရှိခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီ ဈာပနက အဖြူအမည်း ကားချပ်တွေထဲမှာ
ခပ်ဝါးဝါးသာ ဆတွေးနိုင်တဲ့ အခြေအနေ။ တစ်မြို့လုံးမှာ အပေါဆုံးက
ကြွပ်ကြွပ်အိတ်နဲ့ KTVလို့ အဲဒီမြို့သားတစ်ယောက်က နာနာကျည်းကျည်း
မှတ်ချက်ချတယ်။ အသက်အာမခံချက် မရှိသလို ပေါက်ပြဲနေတဲ့ ပလက်ဖောင်းတွေနဲ့
ပြည့်နှက်နေတယ်။ အထူးယာဉ်တန်းတွေအတွက် နာရီပိုင်းအတွင်း လမ်းသစ်တွေ
ခင်းပြတတ်သလို ရက်ပိုင်းအတွင်း သက်တမ်းကုန်တတ်တဲ့ ကတ္တရာလမ်းတွေနဲ့
လမ်းလျှောက်တတ်ခဲ့တဲ့မြို့လေ။

တချိန်တုန်းကတော့ စိမ်းလန်းခဲ့ဖူးတယ်။ တချိန်တုန်းက ကြွယ်ဝခဲ့ဖူးတယ်။
တချိန်တုန်းကတော့ ပညာတတ်ခဲ့ဖူးတယ်။ အခုတော့ ကူးစက်ရောဂါ ထိသွားတဲ့
မိန်းမပျက် တစ်ယောက်လို ဘယ်သူမှ အဆက်အဆံ မလုပ်ချင်တော့ဘူး။ ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »
Category: ခံစားမိတာလေးတွေ | Views: 658 | Added by: TheCross | Date: 2010-08-23 | Comments (0)

Login form
ရှာဖွေရန်
Entries archive
Player


Copyright MZ Computer © 2024Create a free website with uCoz