တနင်္ဂနွေ, 2024-05-05, 9:11 PM
မင်္ဂလာပါ ဧည့်သည် | RSS
Site menu
Section categories
အမောပြေ ရယ်စရာလေးများ [72]
အချစ်နှင့်စဉ်းစားစရာလေးတွေ [18]
နိုင်ငံရပ်ခြားသတင်းများ [8]
ခံစားမိတာလေးတွေ [20]
ရေးချင်ရာရေးအသိပေး
200
ပြောကြပါဦး
ကျွန်ုတို့ ၀န်ဆောင်မှုအခြေအနေ
Total of answers: 161
Statistics

Total online: 1
Guests: 1
Users: 0
Main » 2010 » August » 23 » သင်ဘာမျောက်လဲ
သင်ဘာမျောက်လဲ
0:05 AM
တခါက တောအုပ်တခုထဲမှာ မျောက်အုပ်တအုပ်နေကြသတဲ့။

မျောက်ကလေးနှစ်ကောင်က တခြား မျောက်တွေထက်ပိုဆော့ကြတယ်။ တနေ့တော့ အဲဒီမျောက်ကလေး နှစ်ကောင်ဟာ ကစားလိုက်ကြတာ အရှိန်လွန်ပြီး ရေတွင်းပျက်ကြီး တခုထဲကို ကျသွားပါကော။ မျောက်ကလေး နှစ်ကောင်ကလည်း ကြောက်လန့်တကြား "ကယ်ကြပါဦး၊ ကယ်ကြပါဗျို့” နဲ့အော်တာပေါ့။ တခြားမျောက်တွေလည်း အော်သံကြားလို့ရောက်လာတော့တာပေါ့။ "ရေတွင်းက အနက်ကြီးပဲ၊ နောက် ကျောက်ချွန်တွေနဲ့၊ အဲဒီလောက်ရှည်တဲ့ နွယ်ပင်လည်းမရှိဘူး” ဆိုပြီး အပေါ်ကမျောက်တွေ ကြံရာမရ ဖြစ်နေကြတယ်လေ။ မျောက်ကလေး နှစ်ကောင်လည်း အရမ်းကြောက်နေကြတာပေါ့။ အဲဒါနဲ့ ကျောက်နံရံကို အတင်းတွယ်တက်ကြတာပေါ့။ ရေစိုနေတော့ ချောကျလိုက် ပြန်တက်လိုက်နဲ့ပေါ့။ အပေါ်ကမျောက်တွေက "မတက်လာနဲ့၊ မတက်လာနဲ့ …” ဆိုပြီးအော်နေကြတာပေါ့။ တွင်းကနက်တော့ မျောက်ကလေး နှစ်ကောင်လည်း မကြားကြဘူး။ ဒီလိုနဲ့ တက်လိုက်၊ ချောကျလိုက်နဲ့ သွေးတွေလဲထွက်လို့ တွင်းတ၀က်ကို ရောက်လာပါကော။ အဲဒီတော့မှ အပေါ်ကမျောက်တွေရဲ့အော်သံကိုကြားရတော့တယ်။ အပေါ်ကမျောက်တွေက "မင်းတို့တော်တော်မိုက်တာပဲ၊ မတက်ခဲ့ပါနဲ့ဆိုတာတက်လာတယ်၊ မင်းတို့ တကိုယ်လုံးလဲ သွေးတွေရွှဲနေပြီ၊ အပေါ်ရောက်လဲ သေမှာပဲ၊ တွင်းထဲမှာနေတာကမှ နည်းနည်း ကြာကြာနေနိုင်ဦးမယ်” ဆိုပြီးအော်နေကြတာလေ။ မျောက်ကလေးတစ်ကောင်က "အင်း… အပေါ်ကပြောတာမှန်မှာပဲ၊ ငါလည်း သွေးတွေထွက်နေပြီ၊ လက်လျော့လိုက်တာကောင်းပါတယ်” ဆိုပြီး လက်လွှတ်လိုက်တာ တွင်းထဲ ဇောက်ထိုးကျပြီး သေပါလေရော။ နောက်မျောက်ကလေးကတော့ ဆက်တက်လာလိုက်တာ တွင်းဝနဲ့ လက်တကမ်းအကွာကိုရောက်လာပြီ။ အသက်လည်းမနည်းရှူရလောက်အောင်ပင်ပန်းနေပြီ။ အပေါ်ကမျောက်တွေကို ဆွဲတင်ပေးဖို့ မနည်းအားယူပြီ တောင်းပန်တာကို အပေါ်ကမျောက်တွေက ဆွဲမတင်ပေးပဲ အမျိုးမျိုးအပြစ်တင်ကြတာပေါ့။ မျောက်ကလေးလဲ ရှိသမျှအား အကုန်သုံးပြီး တွင်းပေါ်ကို ရောက်အောင်တက်လိုက်ရတာပေါ့။ အပေါ်လည်းရောက်ကော မောလွန်းလို့ ခဏမှိန်းနေတာပေါ့။ အဲဒီမှာတင် တခြားမျောက်တွေက မျောက်ကလေးကို တော်တော်မိုက်တာပဲ၊ မတက်ခဲ့ပါနဲ့ဆိုတာ တက်လာတယ်၊ အခု တော့အားကုန်နေပြီ၊ ခဏနေ သေတော့မှာ ဆိုပြီး ဘယ်သူကမှ မကူပဲ အမျိုးမျိုးအပြစ်တင်ဆူပူနေကြတယ်။ မျောက်ကလေးလည်း အမောပြေသွားတော့ တခြားမျောက်တွေကို "ဒီအပေါ်အထိတောင် ကိုယ့်အားကိုယ်ကိုးပြီးတက်လာတာ အပေါ်ရောက်မှ သေစရာမရှိတော့ဘူး” ဆိုပြီး ယိုင်ထိုးယိုင်ထိုးနဲ့ တောထဲဝင်သွားရောတဲ့။

ဆိုလိုတာက … ကျွန်တော်တို့ဘ၀တက်လမ်းကို ကိုယ့်ဘာသာကိုယ်ရှာရပါမယ်။ သူများပြောတိုင်းလိုက်လုပ်ရင်လဲ မထမမျောက်ကလေးလို သေသွားမှာပဲ။ အောင်မြင်ဖို့ လက်တကမ်းအကွာရောက်တောင် ဘယ်သူကမှ ဆွဲတင်မှာ မဟုတ်ဘူး။ အောင်မြင်လဲ ဘယ်သူကမှ အကောင်းပြောမှာမဟုတ်ဘူးဆိုတာကိုပါ။

Source from my dearest friend.

Category: ခံစားမိတာလေးတွေ | Views: 716 | Added by: TheCross | Rating: 0.0/0 |
Total comments: 1
1 htinlin  
0
ပုံပြင်လေးကတော့ကောင်းပါတယ် လက်တွေ့မှာသတိမထားရင် အများပြောတာကိုချက်ချင်းယုံတက်တယ်ဒါကြောင့်ဘုရားရှင်က သတိ ရှိပါတဲ့

အသင်းဝင်များသာ
[ အသင်းဝင်ရန် | Login ]
Login form
ရှာဖွေရန်
Entries archive
Player


Copyright MZ Computer © 2024Create a free website with uCoz