တနင်္လာ, 2024-05-06, 2:10 AM
မင်္ဂလာပါ ဧည့်သည် | RSS
Site menu
Section categories
အမောပြေ ရယ်စရာလေးများ [72]
အချစ်နှင့်စဉ်းစားစရာလေးတွေ [18]
နိုင်ငံရပ်ခြားသတင်းများ [8]
ခံစားမိတာလေးတွေ [20]
ရေးချင်ရာရေးအသိပေး
200
ပြောကြပါဦး
ကျွန်ုတို့ ၀န်ဆောင်မှုအခြေအနေ
Total of answers: 161
Statistics

Total online: 1
Guests: 1
Users: 0
Main » 2010 » August » 23 » လူအတွက် အသက် အပို
လူအတွက် အသက် အပို
0:08 AM
ကမ္ဘာကြီးကို စတင်ဖန်ဆင်းစဉ်

ဘုရားသခင်က ပထမဦးဆုံး နွားကိုဖန်ဆင်းလိုက်တယ်။ နွားကို လူတွေအတွက် လယ်ထွန်ဖို့၊ ၀န်တင်ဖို့ စတဲ့ အလုပ်အကျွေးတွေလုပ်ဖို့ဆိုပြီး အသက် (၆၀) နေဆိုပြီးဖန်ဆင်းလိုက်တယ်။ အဲဒါနဲ့နွားက ဘုရားသခင်ကို အဲဒီလောက်နှစ် (၆၀) လောက်ကြီးတောင်အလုပ်အကျွေးပြုရမှာ ဆိုတော့ အရမ်းပင်ပန်းမှာပေါ့ ၊ ဒါကြောင့် နှစ် (၂၀ ) ပဲနေပါရစေ ဆိုပြီး ဘုရားသခင်ကို နှစ် (၄၀) ပြန်အပ်လိုက်တယ်။

ဘုရားသခင်က ဒုတိယအနေနဲ့ ခွေးကိုဖန်ဆင်းလိုက်တယ်။ ခွေးကိုကျတော့ လူတွေအိမ်ပေါက်ဝမှာ နေပြီး အိမ်ထဲဝင်တဲ့လူ၊ ဖြတ်သွားတဲ့လူတွေကိုဟောင်ဖို့ စတဲ့ အိမ်လုံခြုံရေးတွေကို သစ္စာရှိရှိလုပ်ဖို့ဆိုပြီး အသက် (၂၀) နေဆိုပြီးဖန်ဆင်းလိုက်တယ်။ အဲဒီမှာခွေးက ဘုရားသခင်ကို အဲဒီလောက်နှစ် (၂၀) လောက်ကြီးတောင်ဟောင်ရ၊ စောင့်နေရမှာ ဆိုတော့ မလွယ်ဘူးပေါ့ ၊ ဒါကြောင့် (၁၀ )နှစ် ပဲနေပါရစေ ဆိုပြီး ဘုရားသခင်ကို (၁၀) နှစ် ပြန်အပ်လိုက်တယ်။

ဘုရားသခင်က တတိယအနေနဲ့ မျောက် ကိုဖန်ဆင်းလိုက်တယ်။ မျောက်ကိုကျတော့ လူတွေပျင်းနေရင်ဖျော်ဖြေဖို့အတွက် စဖို့၊ နောက်ဖို့စတဲ့ ပျော်တော်ဆက်အနေနဲ့လုပ်ဖို့ဆိုပြီး အသက် (၂၀) နေဆိုပြီးဖန်ဆင်းလိုက်တယ်။ အဲဒီမှာမျောက်က ဘုရားသခင်ကို အဲဒီလောက်နှစ် (၂၀) လောက်ကြီးပျော်တော်ဆက်နေရမှာ ဆိုတော့ မောတာနဲ့မလွယ်ဘူးပေါ့ ၊ ဒါကြောင့် (၁၀ )နှစ် ပဲနေပါရစေ ဆိုပြီး ဘုရားသခင်ကို (၁၀) နှစ် ပြန်အပ်လိုက်တယ်။

ဘုရားသခင်က နောက်ဆုံးအနေနဲ့ လူ ကိုဖန်ဆင်းလိုက်တယ်။ လူကိုကျတော့ ပျော်ပျော်နေ၊ စားလိုက် အိပ်လိုက်၊ လုပ်ချင်တာကို ပျော်ပျော်လုပ် ဇိမ်ခံဆိုပြီး အသက် (၂၀) နေဖို့ဖန်ဆင်းလိုက်တယ်။ အဲဒီမှာလူက ဘုရားသခင်ကို နှစ် (၂၀) ဆိုတော့အရမ်းနည်းတယ်ပေါ့။ ဒါကြောင့် နွားပြန်အပ်ထားတဲ့ နှစ်(၄၀)ရယ်၊ ခွေးပြန်အပ်ထားတဲ့ (၁၀)နှစ်ရယ်၊ မျောက်ပြန်အပ်ထားတဲ့ (၁၀)နှစ်ရယ် ပေါင်းပေးပါ။ အဲဒီတော့ စုစုပေါင်း နှစ်(၈၀)နေပါရစေ ဆိုပြီး ဘုရားသခင်ကို ခွင့်တောင်းလိုက်တယ်။ ဘုရားသခင်ကလည်း မင်းစိတ်ကြိုက်ရွေးချယ်တာဆိုပြီး ခွင့်ပြုလိုက်တယ်။

ကဲ….

ကျွန်တော်တို့ကို ပေးခဲ့တဲ့ အသက်အတိုင်း နှစ် (၈၀)ရခဲ့ပါတယ်။ ပထမဆုံး နှစ်(၂၀)အတွင်း ပျော်လိုက်၊ပါးလိုက်နဲ့ပဲ။ နှစ် (၂၀)လည်း ကျော်သွားရော နွားဆီကယူထားတဲ့ အသက် (၄၀)စတော့တာပဲ။ ရုန်းလိုက်ကန်လိုက်နဲ့ စားဝတ်နေရေးအတွက်နွားတကောင်လိုကြိုးစားရပါပြီ။ အသက်(၆၀)လည်းရောက်ရော အသက်ကကြီးလို့အလုပ်မလုပ်နိုင်တော့ အိမ်မှာပဲု စောင့်ရပါတော့မယ်။ ဟိုလူကို မာန်လိုက်၊ ဒီလူ့ကို ဆူလိုက်နဲ့ ခွေးဟောင်သလိုပေါ့၊ ခွေးပြန်အပ်ထားတဲ့အသက်နဲ့နေရတာကိုး။ အသက်(၇၀)လည်းကျော်ရော  သားသမီးတွေကို ဟာသတွေပြော၊ မြေးတွေကို ချော့လိုက်၊ ရယ်စရာလုပ်ပြလိုက်နဲ့ မျောက်အသက်ကို ရောက်သွားရတော့တာပဲ။ ကဲ သင်ကော ဘယ်အသက်ထဲရောက်နေပြီလဲ။ ကျွန်တော်ကတော့ နွားတကောင်လို့ ရုန်းနေရတာပါပဲဗျာ။ အသက်(၂၀) အထိပဲနေခွင့်ရခဲ့ရင်တော့ …..


Sources from my friend.

 

 

Category: ခံစားမိတာလေးတွေ | Views: 687 | Added by: TheCross | Rating: 0.0/0 |
Total comments: 0
အသင်းဝင်များသာ
[ အသင်းဝင်ရန် | Login ]
Login form
ရှာဖွေရန်
Entries archive
Player


Copyright MZ Computer © 2024Create a free website with uCoz