တနင်္လာ, 2024-05-20, 6:41 AM
မင်္ဂလာပါ ဧည့်သည် | RSS
Site menu
Section categories
အမောပြေ ရယ်စရာလေးများ [72]
အချစ်နှင့်စဉ်းစားစရာလေးတွေ [18]
နိုင်ငံရပ်ခြားသတင်းများ [8]
ခံစားမိတာလေးတွေ [20]
ရေးချင်ရာရေးအသိပေး
200
ပြောကြပါဦး
ကျွန်ုတို့ ၀န်ဆောင်မှုအခြေအနေ
Total of answers: 161
Statistics

Total online: 1
Guests: 1
Users: 0
Main » အမောပြေ ရယ်စရာလေးများ
« 1 2 3 4 5 6 7 8 »
(၁)
တစ်နေ့မှာ မနက်စာဆိုင်တစ်ဆိုင်ထဲ လူသုံးယောက်ဝင်လာပြီး မနက်စာမှာတယ်။

ပထမဧည့်သည်----- ကြက်ဥဟတ်ဘွိုင်တစ်လုံး အနှစ်မယူဘူး!

ဂျီးများတဲ့ဧည့်သည်အသံကြားတော့ ဆိုင်ရှင်စိတ်နည်းနည်း ထောင့်သွားပြီး စိတ်ထဲမှာလည်း "ဟင်း.. ဒီလို ဂျီးများတဲ့လူလည်း ရှိသေးတယ်"လို့ တွေးမိတယ်။

ဒုတိယဧည့်သည်---- ကြက်ဥဟတ်ဘွိုင်တစ်လုံး အကာမယူဘူး!

ဧည့်သည်အသံကြားတော့ ဆိုင်ရှင်စိတ်တိုသွားတယ်။
"တောက်... ဒီခေတ်လူငယ်တွေ တော်တော်ဂျီးများပါလား!"

အဲလိုနဲ့ ဆိုင်ရှင်ဟာ ဒေါသထွက်ထွက်နဲ့ တတိယဧည့်သည်ကို မေးတယ်။
"ဟေး... ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »
Category: အမောပြေ ရယ်စရာလေးများ | Views: 631 | Added by: 7nternet | Date: 2011-09-15 | Comments (0)

(၁)
စားသောက်ဆိုင်တစ်ဆိုင်မှာ လင်မယားနှစ်ယောက် မင်္ဂလာနှစ်ပတ်လည်နေ့ ကျင်းပနေတယ်။ ရိုမန်တစ်ဆန်တဲ့ဝန်းကျင်မှာ
မယားက ချိုချိုသာသာလေးနဲ့ ယောက်ျားကိုပြောပါတယ်။

"ယောက်ျားရေ... နောင်ဘဝကျရင် ငါ့ကိုနင်ယူဦးမလားဟင်း...!"

ဒါကို ယောက်ျားက အားတက်သရော ပြန်ဖြေပါတယ်။

"မိန်းမရေ.. ဒီဘဝမှာ နင်နဲ့ဆုံရတာ ငါ့အတွက် ပျော်ရွှင်ခြင်းတစ်မျိုးပါ။ ဒါပေမဲ့ တစ်ကြိမ်ပဲ ပျော်ပါရစေတော့။ တစ်ခြားလူလည်း ပျော်ရအောင်လို့ နောင်ဘဝကျရင် ဒီပျော်ရွှင်တဲ့အခွင့်အရေးကို တခြားလူဆီ ငါလွှဲခဲ့မယ်"

(၂)
ခင်ပွန်းဖြစ်သူဟာ စာစောင်တစ်ခုဖတ်နေရင်းက မိန်းမကိုလှမ်းပြောတယ်။ ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »
Category: အမောပြေ ရယ်စရာလေးများ | Views: 582 | Added by: 7nternet | Date: 2011-09-15 | Comments (0)

တစ်ချို့လူတွေက ဖေ့စ်ဘုတ်ကို ကိုယ်ပိုင်ပြတိုက် လို သဘောထားကြတယ်။ ပုံလေးတွေတင်၊ ကိုယ်ကြိုက်တာလေးတွေရှာတင်၊ သီချင်းလေးတွေတင်၊ ဘယ်သူ like like, မ like like၊ ကိုယ် like တယ်။ ကိုယ်တင်ထားတာလေးပြန်ပြန်ကြည့်နေရတာ အမော။ ဘယ်သူမှ လာ မlike ရင်၊ ကိုယ်ဟာကို ပြန် like ထားတတ်သေးတာ။

 

တစ်ချို့ကျတော့ ဖေ့စ်ဘုတ်ကို ဧည့်ခန်းကရှိုးကေ့စ် လိုသဘောထားတယ်။ ရှိုးကေ့စ်ဆိုတာ ရှိတာလေးတွေ စီစီရီရီတင်ပြီးကြွားတဲ့နေရာမဟုတ်လား။ ဘွဲ့ယူ၊ မင်္ဂလာဆောင်၊ အိမ်ဝယ်၊ ကားဝယ်၊ ဂါဝန်အသစ်ဝယ်၊ ဘောင်ဘီဖင်ကျပ်ဝယ်၊ ဖိနပ်သစ်ဝယ်၊ ခရစ်ဒက်ကဒ်ရ၊ သိသိသာသာ တစ်မျိုး၊ မသိမသာတစ်ဖုံ၊ နည်းစုံတယ်နော..။ (ငါ့တော့ သောက်ညင်ကပ်နေကြလောက်ပြီ.. ဟိ..ဟိ..။)

 

တစ်ချို့ကျပြန်တော့ ဖေ့စ်ဘုတ်ကို အိမ်သာ လိုသဘောထားကြတယ်။ အိမ်သာကို လူတွေက ပြဿနာဖြေရှင်းဖို့ လိုနေချိန်ကြမှသာ အပြေးအလွှားလာကြတာလေ။ ကျန်တဲ့အချိန်ကျတော့ မနေအပ်တဲ့ အရပ်လိုလို ကျဉ်ချင်ကြတာကလား။ ခုလည်း အဲသလိုပါပဲ။ လူပျို၊ အပျိုဘဝမှာတော့ ရည်းစားရှာချင်တော့ နေ့ရော ညရော ဖေ့စ်ဘုတ်မှ ဖေ့စ်ဘုတ်။ ရည်းစားလ ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »

Category: အမောပြေ ရယ်စရာလေးများ | Views: 610 | Added by: 7nternet | Date: 2011-09-14 | Comments (0)

ကျနော်နဲ့ကျနော့်မိန်းမ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို
အလည်ရောက်ခဲ့စဉ်ကပေါ့။  တည်းခိုတဲ့နေရာကလည်း ပဲရစ်မြို့ရဲ့နာမည်ကျော်
"ချစ်သူလမ်းကြား" အနီးကဟိုတယ်တစ်ခုမှာလေ။ ညနေစောင်းလဲရောက်ရော
ကျနော့်ဇာတိက ပြ လာတယ်၊ အဲဒီ "ချစ်သူလမ်းကြား" ထဲကို
သွားကြည့်ချင်တာလေ။ ဝါသနာပါတာကိုး။ ဒါနဲ့ မိန်းမကိုလှည့်ပတ်ပြောခဲ့ပြီး
သူ့ကို ဟိုတယ်အခန်းမှာ ခဏထားခဲ့လိုက်တယ်၊
ပြီးတာနဲ့ ချစ်သူလမ်းကြားတလျှောက် အစုံအဆန်လိုက်ကြည့်မိတယ်... ...

အားပါးပါး...မိန်းမလှလေးတွေဗျာ၊ ပလက်ဖောင်းပေါ်မှာ၊ တိုက်နံရံဘေးမှာ၊
လှေခါးအဆင်းနေရာလေးတွေမှာ...ပေါ
မှပေါ ချောမှချော။
အသားလေးတွေများ ဝင်းစိုအိဖတ်နေလိုက်တာ..ခြေသလုံးလေးတွေဆိုရင် ပြေးပြေး
ဟပ် လိုက်ချင်တယ်..တကယ်။ မနေနိုင်တာနဲ့ ကောင်မလေးတစ်ယောက်ကို ကပ်ပြီး
မေးကြည့်လိုက်တယ်...
< ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »
Category: အမောပြေ ရယ်စရာလေးများ | Views: 2808 | Added by: TheCross | Date: 2011-06-10 | Comments (3)

ဂျပန်ငလျင်ကြောင့် နျူကလီးယား ဓါတ်ပေါင်းဖိုပေါက်ကွဲတော့ တရုတ်ပြည်နေရာအများမှာ "ဆား"လုပွဲဖြစ်ခဲ့တယ်။ ဆားထဲပါတဲ့ အိုင်အိုဒင်းဓာတ်က နျူကလီးယားအန္တရာယ်ကို ကာကွယ်ပေးနိုင်တယ်ဆိုလို့ဖြစ်တယ်။ ဆားလုပွဲအကြောင်းကို တရုတ်ပြည်သူတချို့က လှောင်ပြောင်ရှုတ်ချပြီး အခုလို အင်တာနက်ပေါ်မှာ "ဆား"အကြောင်းတွေကို ဟာသလို၊ ပုံပြင်လို၊ သံချပ်လိုအမျိုးမျိုးနဲ့ ကဲ့ရဲ့ဝေဖန်ခဲ့ကြတယ်။ အဲဒီထဲက ဟာသတချို့ကို ဘာသာပြန်မျှဝေလိုက်ပါတယ်။

(၁)
လောကမှာ နာကျင်တာက ဘာလဲ?
နျူကလီးယား မလာသေးဘူး။ ဆားကုန်သွားတာဖြစ်တယ်။

လောကမှာ အနာကျင်ဆုံးက ဘာလဲ?
... အဆုံးထိဖတ်လိုလျှင် ဒီမှာ »
Category: အမောပြေ ရယ်စရာလေးများ | Views: 633 | Added by: TheCross | Date: 2011-04-26 | Comments (0)

1 မိုးမိုး (ပေလေးပင်)   (2010-11-23 10:56 PM)
ငါထင်ထားသိကြားမတော့
ငယ်သူငယ်ချင်းသုံးယောက်သိပ်ခင်ကြသတဲ.ကြီးပျင်းလာတော့ တစ်ယောက်ကသူဌေးကြီး
တစ်ယောက်က စားးနိုင်သောက်နိုင် လှုလတ်တန်းစား တစ်ယောက်ကတော့ သားသမိးများတဲ့ သူဆင်းရဲ
သူဆင်းရဲနှင့် .စားနိင်သောက်နိင်လှုလတ်တန်းစာ။ တို့ တိုင်ပင်ပြီး သူဌေးကြီး သူငယ်ချင်းထံ အလည်သွားကြတယ်..
သူငယ်ချင်းသုံးယောက်ဆုံ မိကြတော့ ရှေးဟောင်းနှောင်းဖြစ် များ ပြောဆိုကြပြီး စိးပွါးရေး လှုမှု့ရေး အခြေ အနေကို
ပါမေးမြန်းကာ အပြန်ခရီးတွင်..သူဆင်း၇ဲသူငယ်ချင်းအတွက်..အုန်းသီးလက်ဆောင်..လှုလတ်တန်းစားသူငယ်ချင်းအ
တွက်..ငှက်ပျောသီးလက်ဆောင်..ပေးလိုက်ပါတယ်...လမ်းခုလတ်မှာ သူဆင်းရဲ သူငယ်ချင်းက ..ဒို့သူငယ်ချင်း က
တော့ကွာ ငါမှာ ကလေးတွေအများကြီးပါဆို မှ အုန်းသီးလက်ဆောင်..မင်းမှာ သားသမီးမရှိဘူး ပြောပ ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »
Category: အမောပြေ ရယ်စရာလေးများ | Views: 820 | Added by: TheCross | Date: 2010-12-10 | Comments (1)

(၂)
ဖခင်တစ်ဦးဟာ သားကြီးလာရင် ဘာဖြစ်နိုင်မလဲဆိုတဲ့ စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့တယ်။ စမ်းသပ်မှုမှာ ဖခင်က စားပွဲခုံပေါ် ပစ္စည်း(၃)မျိုးတင်လိုက်တယ်။

၁ဝတန်ဒေါ်လာတစ်ရွက်---- ဘဏ်လုပ်ငန်းရှင် ကိုယ်စားပြုပါတယ်။
ကျမ်းစာတစ်အုပ် -------- ဘာသာရေးအကြီးအကဲ ကိုယ်စားပြုပါတယ်။
ဝီစကီတစ်ပုလင်း -------- အရက်သမား ကိုယ်စားပြုပါတယ်။

ဖခင်ဟာ စားပွဲပေါ်ပစ္စည်းတွေတင်ပြီး သားပြန်အလာကို တံခါးနောက်ကနေ ချောင်းကြည့်နေခဲ့တယ်။ တအောင့်နေတော့ သားဟာ လေလေးချွန်ပြီး ပြန်လာပါတယ်။ စားပွဲပေါ်က ပစ္စည်းတွေကိုတွေ့တော့ ဘေးဘီကို လှည့်ကြည့်လိုက ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »
Category: အမောပြေ ရယ်စရာလေးများ | Views: 812 | Added by: TheCross | Date: 2010-11-20 | Comments (2)

(၁)
လူတွေကြိတ်ကြိတ်တိုးနေတဲ့ ပဲရစ်မြို့ရဲ့ ရထားဘူတာရုံတစ်ခုမှာ တိုးရစ်တစ်ဦးက အလန့်တကြား ထအော်တယ်။

"ဟာ..... ကျုပ်ပိုက်ဆံအိတ် မတွေ့တော့ဘူး"

ဒါကို ပြင်သစ်အဘိုးအိုတစ်ဦးက ပုခုံးတွန့်ပြပြီး "ဘုရားသခင်ကို အမြန်ကျေးဇူးတင်ပါ"လို့ပြောတယ်။ အဘိုးအိုကဆက်ပြီး "ပဲရစ်မြို့ရောက်ရင် အရာနှစ်ခုကို ခင်ဗျားတင်းတင်း ဆုပ်ကိုင်ထားရတယ်။ တစ်ခုက ပိုက်ဆံအိတ် နောက်တစ်ခုက ဇနီး၊ ခင်ဗျားဘေးမှာ ခင်ဗျားဇနီးရှိနေသေးတာကိုက ခင်ဗျားကံကောင်းလို့ပဲ"

(၂)
ပထမလူ: အရင်ပတ်က ကျွန်တော့်မိန်းမမျက်စိထဲ သဲတစ်ပွင့်ဝင်သွားတယ်။ ဆရာဝန်သွားပြတော့ ကျွန်တေ ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »
Category: အမောပြေ ရယ်စရာလေးများ | Views: 753 | Added by: TheCross | Date: 2010-11-20 | Comments (1)

ကြုံရဆုံရ တခဏမှာ


(၁)
တစ်နေ့နေ့လယ်က တူ၊ တူမလေးတွေနဲ့အတူ ကျွန်မချယ်ရီFMလေဒီယို နားထောင်နေတယ်။ သီချင်းမြူးမြူးလေးလာရင် အကြီးနှစ်ယောက်က လိုက်ကလိုက်၊ လိုက်ဆိုလိုက်နဲ့ ပျော်နေကြတယ်။ (၄)နှစ်ကျော်သာရှိသေးတဲ့ တူအငယ်ဆုံးတစ်ယောက်က သီချင်းမရလို့ ဟိုလှုပ်ဒီလှုပ်နဲ့ ကပဲကနေတယ်။ ခဏနေတော့ ဇော်ဝင်းထွဋ်ရဲ့ "ဆေးပေါင်းခတဲ့ည" သီချင်းလာပါတယ်။ ဒါကို သူလည်းဆိုတတ်ကြောင်း အားကျမခံ ထအော်ပါတယ်။

"သေးပေါက်ချတဲ့ည... သေးပေါက်ချတဲ့ည" ပါတဲ့.......... !_!

(၂)
တူမလေးက သူ့အမေကို ပြောတယ်။

"မာမား.. မနက်ဖြန် အာဇာနည်နေ့ ကျောင်းတစ်ရက်ပိတ်တယ်လို့ ဆရာမက ပြောတယ်"

ဒါကို မူကြိုတက်နေတဲ့ တူအငယ်ဆုံးက မေးပါတယ်။

"မာမား... လေးဖြူနေ့က ဘယ်နေ့လဲ? လေးဖြူနေ့မှာ ကျောင်းဘယ်နှရက် ပိတ်မှာလဲ" !_!
... အဆုံးထိဖတ်လိုလျှင် ဒီမှာ »
Category: အမောပြေ ရယ်စရာလေးများ | Views: 751 | Added by: TheCross | Date: 2010-11-20 | Comments (1)

(၁)
လူတစ်ယောက်ဟာ ဆိုင်ကယ်စီးရင် လေတိုးသက်သာအောင်ဆိုပြီး အနွေးထည်ကို နောက်ပြန်ဝတ်တတ်သတဲ့။ တစ်နေ့တော့ အရက်မူးပြီး သူဆိုင်ကယ်မှောက်တယ်။ ဆိုင်ကယ်မှောက်တဲ့နေရာကို ရဲတွေရောက်လာတယ်။

ပထမရဲ ။။။။။ ဟာ...တော်တော်ဖြစ်သွားတာပဲ။

ဒုတိယရဲ ။။။။။ ဟုတ်တယ်။ ကြည့်စမ်း.. ခေါင်းတောင် နောက်ပြန်လည်သွားပြီ။

ပထမရဲ ။။။။။။ အသက်ရှုနေသေးတယ်။ ခေါင်းကို တည့်ပေးလိုက်ကြရအောင်

ဒုတိယရဲ ။။။။။ လာ.. ၁..၂.. ၃...အင်း.. ခေါင်းတည့်သွားပြီ။

ပထမရဲ ။။။။။ အင်း.. အခုမှ အသက်မရှုတော့ဘူး

(၂)< ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »
Category: အမောပြေ ရယ်စရာလေးများ | Views: 1279 | Added by: TheCross | Date: 2010-11-20 | Comments (3)

Login form
ရှာဖွေရန်
Entries archive
Player


Copyright MZ Computer © 2024Create a free website with uCoz