တနင်္ဂနွေ, 2024-05-05, 3:34 AM
မင်္ဂလာပါ ဧည့်သည် | RSS
Site menu
Section categories
အမောပြေ ရယ်စရာလေးများ [72]
အချစ်နှင့်စဉ်းစားစရာလေးတွေ [18]
နိုင်ငံရပ်ခြားသတင်းများ [8]
ခံစားမိတာလေးတွေ [20]
ရေးချင်ရာရေးအသိပေး
200
ပြောကြပါဦး
ကျွန်ုတို့ ၀န်ဆောင်မှုအခြေအနေ
Total of answers: 161
Statistics

Total online: 1
Guests: 1
Users: 0
Main » 2010 » December » 9 » From Posts
From Posts
0:51 AM
1 မိုးမိုး (ပေလေးပင်)   (2010-11-23 10:56 PM)
ငါထင်ထားသိကြားမတော့
ငယ်သူငယ်ချင်းသုံးယောက်သိပ်ခင်ကြသတဲ.ကြီးပျင်းလာတော့ တစ်ယောက်ကသူဌေးကြီး
တစ်ယောက်က စားးနိုင်သောက်နိုင် လှုလတ်တန်းစား တစ်ယောက်ကတော့ သားသမိးများတဲ့ သူဆင်းရဲ
သူဆင်းရဲနှင့် .စားနိင်သောက်နိင်လှုလတ်တန်းစာ။ တို့ တိုင်ပင်ပြီး သူဌေးကြီး သူငယ်ချင်းထံ အလည်သွားကြတယ်..
သူငယ်ချင်းသုံးယောက်ဆုံ မိကြတော့ ရှေးဟောင်းနှောင်းဖြစ် များ ပြောဆိုကြပြီး စိးပွါးရေး လှုမှု့ရေး အခြေ အနေကို
ပါမေးမြန်းကာ အပြန်ခရီးတွင်..သူဆင်း၇ဲသူငယ်ချင်းအတွက်..အုန်းသီးလက်ဆောင်..လှုလတ်တန်းစားသူငယ်ချင်းအ
တွက်..ငှက်ပျောသီးလက်ဆောင်..ပေးလိုက်ပါတယ်...လမ်းခုလတ်မှာ သူဆင်းရဲ သူငယ်ချင်းက ..ဒို့သူငယ်ချင်း က
တော့ကွာ ငါမှာ ကလေးတွေအများကြီးပါဆို မှ အုန်းသီးလက်ဆောင်..မင်းမှာ သားသမီးမရှိဘူး ပြောပါလျှက်..မင်းကို
တော့ ငှက်ပျောသီးလက်ဆောင်.. ကဲ သူငယ်ချင်းရေ ဘယ်လိုမှတော့ မအောင့်မေ့ပါနဲ့ ကွာ မင်းငှက်ပျောသီးကို ငါ့အုန်း
သီးနဲ့ လည်းရအောင်..ဒါမှ ငါအိမ်က ကလေးတွေကို တစ်ယောက်တစ်လုံး လက်ဆောင်ပေးလို့ရမယ် ကွ ဆိုပြီး စိတ်တူ
သဘောတူ လက်ဆောင်ချင်းလည်းလိုက်ကြတယ်လေ...နောင် တစ်နှစ် သူဌေးကြီး ဆီ အလည်သွားကြတဲ့ အခါ မှာ
သူဌေးးကြီး က ဆင်းရဲသောသူငယ်ချင်းကို.. အုန်းသီး ဆိမ့်ရဲ့လား သူငယ်ချင်းလို့မေးလိုက်ပါတယ်..သူဆင်းရဲသူငယ်ချင်း
က ငှက်ပျောသီး ချိုပါ့ကွာ လို့ပြန်ဖြေလိုက်တော့ အံသြ သွားကာ...ငှက်ပျောသီးလက်ဆောင်ပေးလိုက်တဲံ့သူငယ်ချင်းကို
ငှက်ပျောသီး ချိုရဲ့ လားသူငယ်ချင်း.လို့မေးလိုက်ပါတယ်.အုန်းသီး က ဆိမ့်ပါကွာလို့ပြန်ဖြေလိုက်သတဲ့ ....သူဌေကြီးလည်း
အင်း ဒီကောင်ကတော့ သူဆင်းရဲ တာကို ..သိလို့ ငါ က အုန်းသီးထဲ့ ရွှေ..ငွေ..ထည့်ပေးလိုက်တာ တောင်မထိုက်တဲ့ကောင်
မင်းကတော့ ..ငါထင်ထားသိကြားမတော့လို့ ညီးထွားလိုက်သတဲ့..ဒီအသံ ကို သိကြားမင်း သိကြားသွားပါလေရော..အမယ်.
ဒီသူဌေးကောင် သူမလို့မရတိုင်း ငါ့ပါဆွဲထည့်တယ် .ဘယ်ရမလည်း ငါ မ ပြမယ် ဆိုပြီး သူ ဆင်းရဲ မှိုရှာသွားတဲ့မြေလမ်းမ
အလယ်မှာ ရတနာထုပ်ချထားလိုက်တယ်.. သူဆင်းရဲလည်း မှိုရှာထွက်လာပါချေပြ၊ီ..ဒါပေမဲ့ လမ်းခုလတ်မှာ ပျားအုံကိုကိုင်
လာတဲ့ သူတစ်ယောက်ကိုမြင်တော့ အင်း ဒီတော က ပျား ပိုပေါ တယ်ဟ ငါလည်း ဒီနေ့တော့ ပျားရှာမှဖြစ်မယ်ဆိုပြီး မိုးမော့
ပျားရှာပါလေရော..ဒါနဲ့ သိကြားမင်းရဲ့ရတနာထုပ်နဲ့လွဲရလေတာပေါ့..သီကြားမင်းလည်း နောက်နေ့ သူဆင်းရဲ ပျားရှာထွက်
မဲ့လမ်း သစ်ပင်ထက်မှာ ရတနာထုပ် ချိတ်ထားလိုက်ပါတယ်.. သူဆင်းရဲ ပျားရှာထွက်လာ ပါလေပြီ...............
လမ်းခုလတ်မှာ အင်းငါမနေ့ကပျားရှာ လိုက်တာ..ဘာမှ မရဘူး ဒီနေ့တော့ ငါရှာနေကြ မှို ပဲရှာမှဖြစ်တော့မယ်ဆိုပြီး အစိအစဉ်
ပြောင်း ကာ မှိုရှာ ပါလေရော.. ဒီတော့ သိကြားမင်းစိစဉ်ထားတဲံ့ ရတနာထုပ် နဲ့ ဒုတိယ အကြိမ်း လွဲ ရပြန်ပါပြီ......
နောက်တစ်နေ့ မှာ တော့သိကြားမင်းလည်း ဇွဲမလျှောဘဲ..သူဆင်းရဲ လာမဲံ့ လမ်း လယ် မှာ ရော သစ်ပင်ပေါ်မှာ ပါ ရတနာထုပ်
အဆင်သင့် ချိတ်ထားလိုက်တယ်လေ...နံနက်မိုးလင်း သူဆင်းရဲ ရဲ့ ရှာပုံတော် ခရီး စပါလေပြီ...အိမ်မှ ထွက် အလာ..လမ်းခုလတ်
မှာ ဆော့ ကစားနေတဲ့ ကလေး ငယ်များက ဦးလေး ဘယ်သွားမို့လည်း လို့ မေးမြန်းလိုက်ပါတယ်..အင်း ငါထွက်တာ အလားကား
သက်သက် ပင်ပန်းတာ နှစ်ရက် ရှိနေပါပြီ ခုလည်း ဒီကလေးတွေ ငါ့ကို မေးကြတာ..လတ်ပိတ်တယ်..သွားလမ်းလာလမ်းအဆင်မပြေ
ဖြစ်တော့ မယ် ဆိုပြီး အိမ်ပြန် နားနေလိုက်တော့ တယ်...ဒါပေမဲ့ ဖိုးသိကြားကလက်မလျှော ဘဲ.နောက်နေ့ သူဆင်းရဲ တောထဲအ
လာ...ကိုယ်ထင်ပြ ကာ..အမောင်ဆင်းရဲသား ငါသိကြားသင်ကို မ စမည်..ဒီမျှားသုံးစင်း ကို ယူ ပြီး အသင့်ရဲ့ လိုရာဆုကို..တောင်းကာ
မိုးပေါ်သို့ ပစ်တင်လိုက် ပါလို့ ပြောဆို ပေးလိုက်ပါတော့တယ်...သူဆင်ရဲ လည်း စိတ်အရမ်းပျော်ရွှင်ကာ.. အိမ်သို့ ပြန် ပြီး အိမ်သူ
သက်ထားကို ပြောပြ အနားယူလိုက်တယ်....ဒီလိုနဲ့ ငါတော့ သူဌေးဖြစ်ပြီ.. ကွ ဆို ပြီး ပိတိတွေပွါးကာ နားနားနေနေ နေလိုက်တာ
ရက်အတန်ကြာသွား ပါတော့ တယ်...အိမ်ရှင်မ က..ဒေါပွလာ လေပြီ..တော့ မျှားတွေ ကလည်း ပစ်သေးဘူးလား ဒီမှာ တော့ ကလေး
တွေ စားစရာမရှိတော့ဘူး လို့ အော်ပြောလိုက်သတဲ့ ..သူဆင်းရဲသားလည်း ပြစ်မယ်ဟေ့ ကဲပြစ်မယ်ကွ လို့ မိန်းမကိုစိတ်ဆိုး ပြီး...
မျှားတစ်စဉ်းကို မိုးပေါ်သို့စေလွတ်လိုက်ပါတယ်..ဒါပေမဲ့ သူဆင်းရဲတောင်းလိုက်တဲ့ ဆုက တော့ .............................
ပေါရောဟ လခွီး လို့ ဆုတောင်လိုက်ပါတော့တယ်...ပေါများသွား တာပေါ့ သိကြားမင်းပေးတဲ့ မျှားဆိုတော့ ..တစ်ကိုယ်လုံးပါဘဲ...
မှိုလို ပေါက် ဖြစ်သွားပါတော့ တယ်...အင်း ငါဒီအတိုင်းဆို လှု တော ထဲ သွားမရတော့ပါလား ဒီမိန်းမ ရှုပ်ကိုရှုပ်တယ်..ကွာ..
ဆိုပြီး စိတ်တို မပြေသေးဘဲ ဒုတိယ များတစ်စင်းကို စေလွှတ်လိုက်ပါတယ်.....သူဆင်းရဲ ဆုတောင်းလိုက်ပုံက တော့ ပြောင်ရောဟ
လခွီး လို့ဆုတောင်းလိုက်တယ်တဲ့ လေ.... အင်း ပြောင်သမှ ရှိတာ တောင်ပါသွားတော့ တာပေါ့ ..သိကြားမင်းပေးတဲ့ အဓိဌါန်မျှား
ပဲ...ဟာမဖြစ်ဘူး ..ငါ့အမေ ပေးထားတဲ့ မွေးရာ ပါလေး တောင် မရှိတော့ ဘူး မဖြစ်ဘူး ပြန်တောင်းမှပဲ..ဆိုပြီး နောက်ဆုံး မျှားတစ်
စင်း ကို သတိကြီးကြီးထားပြီ အမေပေးလိုက်တဲ့ ပင်ကိုယ် ဖွါးဘက်တော် လေးပြန်ပေးပါ လို့ဆုတောင်းပြီး စေလွှတ်လိုက်လေ
တော့ ပါတယ်... သိကြားမင်းလည်း အင်း ငါ မ လည်း မရပါလား လို့ ညီးထွားပြီး သာဝတိန်တာ ကို ပြန်ကြွသွားပါလေတော့တယ်...
ဒါပေမဲ့ ခုစာဖတ်သူ you ကိုမချင်လို့ ဆိုပြီး ဟိုမှာ ပြန်ဆင်းလာ ပြန်ပြီ......ဟဲ..ဟဲ..ဟဲ...ပျော်ရွှင်ကြပါစေ...စတာနော်..
မိုးမိုး (ပေလေးပင်)
Category: အမောပြေ ရယ်စရာလေးများ | Views: 816 | Added by: TheCross | Rating: 0.0/0 |
Total comments: 1
1 လင်းနစ်  
0
စာဖက်ရတာ အကျိုးရှိသွားပြီ.....ကျေးဇူးပဲနော်......မိုးမိုး.......

အသင်းဝင်များသာ
[ အသင်းဝင်ရန် | Login ]
Login form
ရှာဖွေရန်
Entries archive
Player


Copyright MZ Computer © 2024Create a free website with uCoz