ဗုဒ္ဓဟူး, 2024-05-01, 9:43 PM
မင်္ဂလာပါ ဧည့်သည် | RSS
Site menu
Section categories
အမောပြေ ရယ်စရာလေးများ [72]
အချစ်နှင့်စဉ်းစားစရာလေးတွေ [18]
နိုင်ငံရပ်ခြားသတင်းများ [8]
ခံစားမိတာလေးတွေ [20]
ရေးချင်ရာရေးအသိပေး
200
ပြောကြပါဦး
ကျွန်ုတို့ ၀န်ဆောင်မှုအခြေအနေ
Total of answers: 161
Statistics

Total online: 1
Guests: 1
Users: 0
« 1 2 3 4 5 6 7 ... 11 12 »

တစ်ချို့လူတွေက ဖေ့စ်ဘုတ်ကို ကိုယ်ပိုင်ပြတိုက် လို သဘောထားကြတယ်။ ပုံလေးတွေတင်၊ ကိုယ်ကြိုက်တာလေးတွေရှာတင်၊ သီချင်းလေးတွေတင်၊ ဘယ်သူ like like, မ like like၊ ကိုယ် like တယ်။ ကိုယ်တင်ထားတာလေးပြန်ပြန်ကြည့်နေရတာ အမော။ ဘယ်သူမှ လာ မlike ရင်၊ ကိုယ်ဟာကို ပြန် like ထားတတ်သေးတာ။

 

တစ်ချို့ကျတော့ ဖေ့စ်ဘုတ်ကို ဧည့်ခန်းကရှိုးကေ့စ် လိုသဘောထားတယ်။ ရှိုးကေ့စ်ဆိုတာ ရှိတာလေးတွေ စီစီရီရီတင်ပြီးကြွားတဲ့နေရာမဟုတ်လား။ ဘွဲ့ယူ၊ မင်္ဂလာဆောင်၊ အိမ်ဝယ်၊ ကားဝယ်၊ ဂါဝန်အသစ်ဝယ်၊ ဘောင်ဘီဖင်ကျပ်ဝယ်၊ ဖိနပ်သစ်ဝယ်၊ ခရစ်ဒက်ကဒ်ရ၊ သိသိသာသာ တစ်မျိုး၊ မသိမသာတစ်ဖုံ၊ နည်းစုံတယ်နော..။ (ငါ့တော့ သောက်ညင်ကပ်နေကြလောက်ပြီ.. ဟိ..ဟိ..။)

 

တစ်ချို့ကျပြန်တော့ ဖေ့စ်ဘုတ်ကို အိမ်သာ လိုသဘောထားကြတယ်။ အိမ်သာကို လူတွေက ပြဿနာဖြေရှင်းဖို့ လိုနေချိန်ကြမှသာ အပြေးအလွှားလာကြတာလေ။ ကျန်တဲ့အချိန်ကျတော့ မနေအပ်တဲ့ အရပ်လိုလို ကျဉ်ချင်ကြတာကလား။ ခုလည်း အဲသလိုပါပဲ။ လူပျို၊ အပျိုဘဝမှာတော့ ရည်းစားရှာချင်တော့ နေ့ရော ညရော ဖေ့စ်ဘုတ်မှ ဖေ့စ်ဘုတ်။ ရည်းစားလ ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »

Category: အမောပြေ ရယ်စရာလေးများ | Views: 605 | Added by: 7nternet | Date: 2011-09-14 | Comments (0)

ကျနော်နဲ့ကျနော့်မိန်းမ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို
အလည်ရောက်ခဲ့စဉ်ကပေါ့။  တည်းခိုတဲ့နေရာကလည်း ပဲရစ်မြို့ရဲ့နာမည်ကျော်
"ချစ်သူလမ်းကြား" အနီးကဟိုတယ်တစ်ခုမှာလေ။ ညနေစောင်းလဲရောက်ရော
ကျနော့်ဇာတိက ပြ လာတယ်၊ အဲဒီ "ချစ်သူလမ်းကြား" ထဲကို
သွားကြည့်ချင်တာလေ။ ဝါသနာပါတာကိုး။ ဒါနဲ့ မိန်းမကိုလှည့်ပတ်ပြောခဲ့ပြီး
သူ့ကို ဟိုတယ်အခန်းမှာ ခဏထားခဲ့လိုက်တယ်၊
ပြီးတာနဲ့ ချစ်သူလမ်းကြားတလျှောက် အစုံအဆန်လိုက်ကြည့်မိတယ်... ...

အားပါးပါး...မိန်းမလှလေးတွေဗျာ၊ ပလက်ဖောင်းပေါ်မှာ၊ တိုက်နံရံဘေးမှာ၊
လှေခါးအဆင်းနေရာလေးတွေမှာ...ပေါ
မှပေါ ချောမှချော။
အသားလေးတွေများ ဝင်းစိုအိဖတ်နေလိုက်တာ..ခြေသလုံးလေးတွေဆိုရင် ပြေးပြေး
ဟပ် လိုက်ချင်တယ်..တကယ်။ မနေနိုင်တာနဲ့ ကောင်မလေးတစ်ယောက်ကို ကပ်ပြီး
မေးကြည့်လိုက်တယ်...
< ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »
Category: အမောပြေ ရယ်စရာလေးများ | Views: 2805 | Added by: TheCross | Date: 2011-06-10 | Comments (3)

 
စစ်ကိုင်းပြတ်ရွေ့ပေါ်တွင် တည်ရှိသော ပဲခူးတိုင်း ပဲခူးမြို့နှင့်ဖြူးမြို့နယ်ကြားတွင် လာမည့် ဆယ်စုနှစ်တခုကျော် အတွင်း ပြင်းအား ရစ်ခ်ျတာ စကေး ၇ အဆင့်ရှိ ငလျင်များ လှုပ်ခတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီမှ ကျွမ်းကျင်ပညာရှင် ဦးသူရအောင်က ပြောသည်။

ပဲခူးမြို့နှင့်ဖြူးမြို့အကြားရှိ တောင်သုံးလုံး အနီးကို အခြေခံပြီး ပြည်ပကျွမ်းကျင်ပညာရှင်များနှင့် မြန်မာပညာရှင်တချို့ပူးပေါင်းကာ ငလျင်နှင့် ပတ်သက်သော သုတေသနများ ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ သုတေသနကို နှစ်ပေါင်းများစွာ အခြေခံ လုပ်ဆောင်ခဲ့ခြ ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »
Category: နိုင်ငံရပ်ခြားသတင်းများ | Views: 648 | Added by: TheCross | Date: 2011-05-18 | Comments (0)

နည်းပညာသုံးစွဲနိုင်မှု ကွာဟချက် (Digital Divide)က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးစေနိုင်ပြီး အင်တာနက် ၀န်ဆောင်မှုနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်သင့်ပြီ ဖြစ်ကြောင်း နယ်ပယ်အသီးသီးမှ သုံးစွဲသူများက အကြံပြု ပြောဆိုခဲ့ကြပါသည်။

''ဒီနေ့ခေတ်က Borderless IT ခေတ် ဖြစ်လာတယ်။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုရဲ့ အဓိကနေရာမှာ နည်းပညာက ဦးဆောင်လာတဲ့ အခြေအနေ ဖြစ်လာခဲ့ပါတယ်။ ဒီလိုအချိန်မျိုးမှာ မြို့ပြကျေးလက်အရ သာမကပဲ နိုင်ငံအလိုက်ပါ နည်းပညားသုံးစွဲနိုင်မှု ကွာဟချက် (Digital Divide) ဖြစ်နေမယ်ဆိုရင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးစေနိုင်တာ အမှန်ပါပဲ'' စင်ကာပူအခြေစိုက် Klevin Chia ဥပဒေအကျိုးဆောင်လုပ်ငန်း၏ မြန်မာနိုင်ငံရုံးတာဝန်ခံ ဦးသန်းမောင်က ပြောပြပါသည်။


''အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို အစရှိတဲ့ နိုင်ငံတွေရဲ့ တိုးတက်မှုကို လေ့လာကြည့်မယ်ဆိုရင် နည်းပညာကို အသုံးချနိုင်မှု ကွာဟချက် (Digital Divide) ကို ကျဉ်းမြောင်းအောင် လုပ်ဆောင်နိုင်တာ ကြောင့် ဖြစ်တယ်ဆိုတာ တွေ့ရှိရပါတယ်။ နည ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »
Category: ခံစားမိတာလေးတွေ | Views: 644 | Added by: TheCross | Date: 2011-04-27 | Comments (0)

ဂျပန်ငလျင်ကြောင့် နျူကလီးယား ဓါတ်ပေါင်းဖိုပေါက်ကွဲတော့ တရုတ်ပြည်နေရာအများမှာ "ဆား"လုပွဲဖြစ်ခဲ့တယ်။ ဆားထဲပါတဲ့ အိုင်အိုဒင်းဓာတ်က နျူကလီးယားအန္တရာယ်ကို ကာကွယ်ပေးနိုင်တယ်ဆိုလို့ဖြစ်တယ်။ ဆားလုပွဲအကြောင်းကို တရုတ်ပြည်သူတချို့က လှောင်ပြောင်ရှုတ်ချပြီး အခုလို အင်တာနက်ပေါ်မှာ "ဆား"အကြောင်းတွေကို ဟာသလို၊ ပုံပြင်လို၊ သံချပ်လိုအမျိုးမျိုးနဲ့ ကဲ့ရဲ့ဝေဖန်ခဲ့ကြတယ်။ အဲဒီထဲက ဟာသတချို့ကို ဘာသာပြန်မျှဝေလိုက်ပါတယ်။

(၁)
လောကမှာ နာကျင်တာက ဘာလဲ?
နျူကလီးယား မလာသေးဘူး။ ဆားကုန်သွားတာဖြစ်တယ်။

လောကမှာ အနာကျင်ဆုံးက ဘာလဲ?
... အဆုံးထိဖတ်လိုလျှင် ဒီမှာ »
Category: အမောပြေ ရယ်စရာလေးများ | Views: 630 | Added by: TheCross | Date: 2011-04-26 | Comments (0)

ပျော်ရွှင်တဲ့ကလေးငယ်တွေမှာ တူညီတဲ့အချက်တွေရှိတယ်လို့ လေ့လာဆန်းစစ်ချက်အရ တွေ့ရှိခဲ့ကြတယ်။ အဲဒီတူညီချက်တွေက မိမိကိုယ်ကိုယ် ယုံကြည်မှုရှိခြင်း၊ အကောင်းမြင်တတ်ခြင်းနဲ့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ခြင်းတွေ ဖြစ်တယ်။ ပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်နဲ့ကိုက်ညီတဲ့ အကြံ(၁၁)ချက်နဲ့ ပျော်ရွှင်ကျန်းမာတဲ့ကလေးတစ်ယောက် ပြုစုပျိုးထောင်နိုင်အောင် ထုတ်ဖော်တင်ပြလိုက်ပါတယ်။

(၁) ကလေးငယ်ကို ဆော့ကစားဖို့အချိန်ပေးပါ။ နေ့စဉ်ဘဝကို စည်းကမ်းချက်တွေနဲ့ သတ်မှတ်မထားပါနဲ့

အမေရိကန် ကလေးပညာဖွံ့ဖြိုးရေး ပညာရှင် Thomas. Armstrongက လွတ်လွတ်လပ်လပ် ဆော့ကစားခြင်းက အစီအစဉ်ဆွဲပြီး သတ်မှတ်တဲ့ကစားနည်းတွေထက် ကျောင်းနေစ ကလေးငယ်တွေကို ပိုကျန်းမာစေတယ်လိ ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »
Category: ခံစားမိတာလေးတွေ | Views: 682 | Added by: TheCross | Date: 2011-04-26 | Comments (0)

သူနဲ့ကျွန်တော်ကတော်တော်လေးကိုထူးဆန်းတယ် သူမြန်မာပြည်မှာရှိနေတုန်းကသူရှိလို့ရှိမှန်းတောင် ကျွန်တော်မသိခဲ့ပါဘူး

ကျွန်တော်လည်းကိုယ့်သူငယ်ချင်းတွေနဲ့ကိုပေါ့...(ကဲနေတာ) ချက်တင်ဆိုတဲ့အင်တာနက်ကြီးကလည်းခောတ်စားလာတယ်...(ကျူပြီပေါ့လေ)

ဒီလိုနဲ့စလုံးမှာရောက်နေတဲ့...(Sg) ပေါ့နော် သူနဲ့ကျွန်တော်စတွေ့မိတယ် သူများ (acc) ကနေခိုးတာ...လို့မထင်နဲ့နော် မသိမသာယူလိုက်တာ

စပြီးအပ်တယ်ပေါ့လေ အပ်အပ်ချင်းပဲလက်ခံတယ်ဗျ.....ရေစက်ပါတယ်ထင်တယ်နော် အဲ့မှာသူ့ပုံတင်ထားတယ်ဗျ ဘယ်လိုဖြစ်သွားလည်းမသိဖူး ကျွန်တော့်စိတ်တွေ...(မြင်မြင်ချင်း) ကိုချစ်မိသွားတယ်ပေါ့ သူ့နာမည်မေးတော့သူကဖြေတယ် (NN) တဲ့ဒါနဲ့ကျွန်တော်လည်းသူ့ကိုစားလိုက်တယ် (NN) ကကျွန်တော့်သူငယ်ချင်းနဲ့တူတယ်လို့အစပျိုးလိုက်တယ် သူကဟုတ်လားတဲ့ (အင်း)ပေါ့

ဘယ်လိုတူတာလဲတဲ့မျက်နှာမှာမှဲ့ပါလားလို့ကျွန်တော်ကမေးလိုက်တယ် သူ ကပါတယ်တဲ့ ဒါဆိုဟုတ်များနေမလားမသိဖူးလို့ ထပ်ဖောလိုက်တယ် သူကပြန်မေးတယ် ယူ့နာမည်ကရောတဲ့ ကျွန်တော်လည်းပြန်ဖြေလိုက်တာပေါ့ (KZH) လို့ aww....တဲ့ ပြောရအုန်းမယ် အဲ့တုန်းကသူကမြန်မာဖောင့်မရဖူး.ဗျ မြန်းဂလိလိုပြောတာ ဘယ်ရမလဲဒီကမြန်မာလိုအသေ ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »

Category: ခံစားမိတာလေးတွေ | Views: 1853 | Added by: kyawlay | Date: 2011-04-20 | Comments (3)

မြန်မာနိုင်ငံရှိ ပုဂ္ဂလိက အရောင်း စင်တာတစ်ခုတွင် ဖြစ်သည်...။

လုံခြုံရေးဝန်ထမ်း တဦးက စတိုးဆိုင်ပိုင်ရှင် သူဌေးနှင့်အတူ ဓာတ်လှေခါးထဲတွင် မီးပျက်၍ ပိတ်မိနေ၏။

အလုပ်သိမ်းချိန် နောက်ဆုံး ပြန်သူများဖြစ်သောကြောင့် မည်သူ့ကိုမှ အကူအညီတောင်းရန် မလွယ်ကူပေ။ နောက်ရက်မှစ၍ အရောင်းစင်တာ တခုလုံး သကြန် ၅ ရက် ပိတ်မည် ဖြစ်သောကြောင့် နောက်နေ့များတွင်လည်း မည်သူမျှ ရှိမည် မဟုတ်။

ဓာတ်လှေခါးထဲမှ အရေးပေါ်ခလုတ်ကို နှိပ်သော်လည်း အလုပ်မလုပ်သဖြင့် စိတ်ဓာတ်ကျသွား၏။ ဤအခြေအနေတွင် အောက်စီဂျင် အခဲအခက်ကြောင့် ၂ ရက် ၃ ရက်လောက်ကြာလျှင် အသက်ပါ သေဆုံးနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

၂ ယောက်စလုံး မထင်မှတ်ဘဲ လတ်တလော ဖြစ်ပွားခဲ့သော ချီလီနိုင်ငံ မိုင်းတွင်း ပိတ်မိသော လုပ်သမားများ အဖြစ်အပျက်ကို တွေးမိပြီး မဆီမဆိုင် ပျော်ရွှင်သွားသည်။

"နောက် ၂ ၊ ၃ ရက်အကြာ ကယ်ဆယ်ရေးဝန်ထမ်းများ သူတို့ကို လာကယ်မည် ... သူတို့ လွတ်မြောက်လာသောအခါ လူတကာက ဝိုင်းဝန်း ကြ ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »
Category: ခံစားမိတာလေးတွေ | Views: 899 | Added by: TheCross | Date: 2011-03-06 | Comments (3)

ဖောက်သည်သည် ကျွန်ုပ်တို့ဆိုင်သို့လာရောက်သော အရေးကြီးပုဂ္ဂိုလ်ဖြစ်သည်။


သူသည် ကျွန်ုပ်တို့အပေါ်မှီခိုနေသူမဟုတ်ပါ။ ကျွန်ုပ်တို့ကသာ သူ့အပေါ်မှီခိုနေခြင်းဖြစ်ပါသည်။

·         ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »

Category: ခံစားမိတာလေးတွေ | Views: 790 | Added by: TheCross | Date: 2011-01-05 | Comments (0)

သူနဲ့သူမ မင်္ဂလာဆောင်တာ (၁၀)နှစ်တင်းတင်း ပြည့်ခဲ့ပြီ။ လင်မယားနှစ်ယောက်ကြားမှာ ဘာစိတ်လှုပ်ရှားမှုမှ မရှိတော့သလို စိတ်ဝင်စားမှုလည်း မရှိတော့ဘူး။ အချိန်ကြာလေ သူမကို တာဝန်နဲ့ဝတ္တရားအရ သူဆက်ဆံနေရတယ်လို့ သူထင်လာလေဖြစ်တယ်။ သူမအပေါ် သူငြီးငွေ့လာခဲ့တယ်။ အထူးသဖြင့် သူ့အလုပ်မှာ အသစ်ဝင်လာတဲ့ သွက်သွက်လက်လက် ကောင်မလေးတစ်ယောက်ကြောင့် ဖြစ်တယ်။ ကောင်မလေးက သူ့ကို ရှုးသွပ်စေခဲ့တယ်။ ဒါဟာ သူ့ရဲ့ဒုတိယအရွယ် စိတ်လှုပ်ရှားခြင်းလို့ သူထင်ခဲ့တယ်။

အကြိမ်ကြိမ် တွေးတောဆုံးဖြတ်ပြီးနောက် သူမနဲ့ကွာရှင်းဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒီလိုခံစားချက်မျိုးက သူမအတွက် ထုံကျင်နေပါပြီ။ တည်တည်ငြိမ်ငြိမ်နဲ့ သူ့ရဲ့တောင်းဆိုချက်ကို သူမခေါင်းညိတ်ခဲ့တယ်။ နှစ်ဦးသား တရားရုံးသွားပြီး ကွာရှင်းခဲ့ကြတယ်။ ကွာရှင်းစာချုပ်ပေါ်မှာ လက်မှတ်ထိုးပြီး ရုံးကနေ သူတို့ထွက်လာကြတယ်။ နှစ်ယောက်စလုံး သူတစ်လမ်း ကိုယ်တစ်လမ်း လွတ်လပ်သူတွေဖြစ်သွားကြပြီ။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲမှာ ဟာတာတာခံစားနေရတယ်။ သူမကို သူတစ်ချက်ကြည့်ပြီး....

"မ ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »

Category: ခံစားမိတာလေးတွေ | Views: 782 | Added by: TheCross | Date: 2010-12-22 | Comments (1)

Login form
ရှာဖွေရန်
Entries archive
Player


Copyright MZ Computer © 2024Create a free website with uCoz