စနေ, 2024-04-27, 11:03 AM
မင်္ဂလာပါ ဧည့်သည် | RSS
Site menu
Section categories
အမောပြေ ရယ်စရာလေးများ [72]
အချစ်နှင့်စဉ်းစားစရာလေးတွေ [18]
နိုင်ငံရပ်ခြားသတင်းများ [8]
ခံစားမိတာလေးတွေ [20]
ရေးချင်ရာရေးအသိပေး
200
ပြောကြပါဦး
ကျွန်ုတို့ ၀န်ဆောင်မှုအခြေအနေ
Total of answers: 161
Statistics

Total online: 1
Guests: 1
Users: 0
« 1 2 ... 9 10 11 12 »
တနေ့မှာ ဆရာက ဖန်ခွက်တစ်လုံးကို လက်မှာကိုင်ထားပြီး 'ဒီဖန်ခွက်က
> ဘယ်လောက်လေးမယ်ထင်သလဲ' လို့ ကျောင်းသားတွေကို မေးတယ်.. ၅၀ဂရမ်၊ ၁၀၀ ဂရမ်
> အစရှိသဖြင့် အမျိုးမျိုးအဖြေတွေကို သူရတယ် ..
> ဆရာက ဆက်ပြောတယ် ..'ဒီဖန်ခွက်ရဲ့ တကယ့် အလေးခ်ျိန်ကိုတော့ ဆရာမသိပါဘူး။
> ဒါပေမဲ့ ဆရာမေးချင်တာ ဒီဖန်ခွက်ကို ဒီအတိုင်းပဲ ဆရာ ခဏလောက် ကိုင်ထားရင်
> ဘာဖြစ်မလဲ ဆိုတာပဲ ..'
> "ဘာမှမဖြစ်ဘူး" လို့ ကျောင်းသူတစ်ယောက်ကဖြေတော့
> "တော်တော်ကြာကြာကိုင်ထားရင်ရော" လို့ ဆရာက ဆက်မေးတယ် ..
> "လက်တွေညောင်းပြီး ထုံကျင်လာမယ်" လို့ ဖြေကြတယ် …
> 'ကောင်းပြီ ..တနေကုန်ကိုင်ထားရင်ရောကွာ' လို့ ဆရာမေးတော့
> ရွှတ်နောက်နောက်ကျောင်းသားတစ်ယော
က်က "မင်းလက်ကြီး ထုံကျင်လာမယ်၊ ပြီးတော့
> လက်မောင်းကိုက်လာမယ် ၊ ပြီးတော့ မင်းရဲ့ ကြွက်သားတွေအညောင်းမိ လေဖြတ်ပြီး
> ဆေးရုံရောက်မယ်" လို့ ပြောတော့ တတန်းလုံး ၀ိုင်းရယ်ကြတယ် …
>
> ဆရာက 'မင်းပြောတာမှန်တယ် ..ဒါဆိုရင် ဘာလို့ အဲ့လိုဖြစ်သွားတာလဲ
> ..ငါကိုင်ထားတဲ့အချိန် အတွင်းမှာ ဖန်ခွက်ရဲ့ အလေးချိန် ပိုတိုးလာလိ ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »
Category: အချစ်နှင့်စဉ်းစားစရာလေးတွေ | Views: 782 | Added by: TheCross | Date: 2009-06-12 | Comments (0)

``ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင် ဤမှောင်မိုက်တွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော ငါ၏ စိတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါ ကျေးဇူးဆိုပါ၏။

လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုတ်တွင်းသို့ ကျရောက်နေရသော်လည်း ငါကား မတုန်လှုပ်၊ မငိုကြွေး၊ ကံတရား၏ ရိုက်ပုတ်ခြင်းဒဏ်ချက်တို့ကြောင့် ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏။ ညွှတ်ကား မညွှတ်။

ဤဒေါသလောဘတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား သေခြင်းတရားသည် ကြောက်မက်ဖွယ်ရာ  ငံ့လင့်လျက် ရှိ၏။ သို့သော် ငါကား မတုန်လှုပ်သည်ကိုသာ တွေ့ရအံ့။ နောင်ကိုလည်း ဘယ်တော့မျှ မကြောက်သည်ကိုသာ တွေ့ရအံ့။

သုဂတိသို့သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ၊ ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု၊ ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်လေသည်``

Category: ခံစားမိတာလေးတွေ | Views: 784 | Added by: TheCross | Date: 2009-06-06

“လဝက ကင်းလှည့်နေတုန်းမို့ ခဏနေမှ ပြန်ခေါ်ပေးပါ အမ”။

ခပ်အုပ်အုပ်ထွက်လာသည့် စောအယ်ဆေး၏ အသံက အပြင်မှ တစုံတယောက် ကြားသွားမည်ကို စိုးရိမ်နေကြောင်း သိသာပေါ်လွင်လှသည်။

ကာလရှည်ကြာစွာ ဆက်လက် ချုပ်နှောင်ထားသည်ကို မကျေနပ်သဖြင့် မလေးရှားနိုင်ငံ Kajang မြို့နယ်တွင်းရှိ နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်းတခု၌ မြန်မာနိုင်ငံသား ၅ဝဝ ကျော်သည် ယခုလ ၁၇ ရက်နေ့မှ စတင်ကာ အစာငတ်ခံ ဆန္ဒပြနေကြောင်း သူ မလွတ်ခင် ၂ ရက်အလိုမှာ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့စဉ်က ဖြစ်သည်။

“အမရေ မိသွားရင်မလွယ်ဘူး အိပ်ချင်ယောင်ဆောင်ပြီး ခိုးဆက်ရတာခင်ဗျ။ ဒါတောင် အစောင့်ဆီက ပိုက်ဆံပေးပြီး ခဏပဲ သုံးလို့ ရတာ” ဆိုသည့် စောအယ်ဆေး ပြောပြချက်က ထိန်းသိမ်းရေးစခန်းမှ ပြင်ပသို့ ဆက်သွယ်ခွင့်ရရန် ထိုမျှ ခက်ခဲနေကြောင်း လှစ်ဟပြလိုက်သလိုပင်။

တရားမဝင် ဝင်ရောက်မှုဖြင့် နိုင်ငံခြားသား ဥပဒေအရ ပြစ်ဒဏ်ချပြီးသည့်တိုင် ထိန်းသိမ်းရေးစခန်းတွင် ကာလကြာမြင့်စွာ ဆက်လက်ချုပ်နှောင်ထားသည်ကို မကျေနပ်သဖြင့် Selangor ပြည်နယ် Kajang မြို့နယ်အတွင်းက စမုံညင်းစခန်းမှာ မြန်မာများက ၃ ရက်ကြာ အစာငတ်ခံ ဆန္ဒပြခဲ့သဖြင့် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန - လဝ ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »
Category: နိုင်ငံရပ်ခြားသတင်းများ | Views: 771 | Added by: TheCross | Date: 2009-06-01 | Comments (0)

အချစ်မှာ ပုံသေနည်းမရှိဘူး! အချစ်အတွက် ဖွင့်ဆိုထားတဲ့ အချက်အလက်ကောင်းတိုင်းက လူတိုင်းနဲ့ သင့်တော်ချင်မှ သင့်တော်လိမ့်မယ်။ ကောင်းတယ်လို့ ကိုယ်ထင်ထားတဲ့အချစ်ကို တစ်ခြားလူကြိုက်ချစ်မှ ကြိုက်မယ်။ မကောင်းဘူးလို့ ကိုယ်ထင်ထားတဲ့ အချစ်က တစ်ခြားလူရဲ့ မျက်စိထဲမှာ လုံးဝကောင်းတယ်လို့ ထင်နေကြမယ်။ အချစ်မှာ အကောင်းဆုံးဆိုတာ မရှိဘူး။ အသင့်တော်ဆုံး ဆိုတာပဲရှိတယ်။

ဥပမာ (၁)

ရည်ရွယ်ချက်ကြီးကြီးမားမား မရှိတဲ့ မောင်မောင်က ကိုယ်ပိုင်အိမ်လေးတစ်လုံး၊ တည်ငြိမ်တဲ့ ဘဝနဲ့ မိသားစုတစ်ခုကို ပိုင်ဆိုင်ချင်မိတယ်။ သူလိုချင်တဲ့ ဘဝမျိုးကို လွယ်လွယ်ကူကူ မရနိုင်ဘူးဆိုတာ မောင်မောင်သိတယ်။ ဘာဖြစ်လို့ ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »

မင်္ဂလာဆောင်ပြီးစ သူတို့ဇနီးမောင်နှံရဲ့ဘဝက လူတိုင်းအားကျဖို့ ကောင်းအောင် ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ သားတစ်ယောက် မွေးခဲ့ပေမယ့် တစ်သားမွေး တစ်သွေးလှဆိုသလို သူမ လှပနေခဲ့တယ်။ ခန္ဓာကိုယ် အချိုးအစားကို အပျိုလေးတစ်ယောက်လို့ သူမ ထိန်းသိမ်းထားနိုင်ခဲ့တယ်။ လင်ယောက်ျားနဲ့ တွဲသွားသည့်တိုင် ပုရိသတို့ရဲ့ အကြည့်စက်ကွင်းမှာ သူမ မလွတ်ခဲ့ဘူး။ အိမ်သူသက်ထားရဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ အလှကြောင့် အပေါင်းအသင်းတွေကြားမှာ သူ လက်မထောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် လင်နဲ့မယား၊ လျှာနဲ့သွား ဆိုသလို အိမ်ထောင်သက် ရင့်လာတာနဲ့အမျှ သူတို့မှာ ကတောက်ကဆတ်တွေ ရှိလာခဲ့တယ်။ နေ့လယ်အလုပ်မှာ သူ ပင်ပန်းခဲ့တယ်။ ညမှာ သူမ ကလေးပြုစု စောင့်ရှောက်ရတယ်။ သူတို့ဇနီးမောင်နှံ နှစ်ယောက်ကြားက ကြင်နာယုယမှုတွေ ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »

အချစ်ကြောင့်ရတဲ့ ပျော်ရွှင်ခြင်းကို လူတိုင်း တောင့်တကြတယ်။ ဒါပေမယ့် တစ်ချို့လူတွေအတွက် ပျော်ရွှင်ခြင်းဆိုတာ ခန္ဓာကိုယ်ထဲက ပြုပြင်ပြောင်းလဲလို့ရတဲ့ ဆဲလ်တွေလိုပဲ ချေဖျက်ဖို့ ကိုယ်တိုင်ကြိုတင် စီမံခဲ့ကြတယ်။

ရှေးဂရိပုံပြင်မှာ အချစ်နတ်သား မြှားနတ်မောင် (Cupid)နဲ့ လက်ထပ်ခဲ့တဲ့ လူပြည်က Psyche တို့ရဲ့အဖြစ်က သာဓက ပြနေပါတယ်။ မြှားနတ်မောင်နဲ့ Psyche တို့က နေ့မှာခွဲပြီး ညမှတွေ့ဆုံကြသူတွေ ဖြစ်တဲ့အတွက် မြှားနတ်မောင်ရဲ့မျက်နှာကို Psyche သေချာ မမြင်ဖူးခဲ့ဘူး။ နောက်ဆုံးမှာ Psyche ရဲ့ အစ်မတွေက Psycheရဲ့ပျော်ရွှင်နေတဲ့ ဘဝကို မနာလိုဖြစ်ခဲ့ ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »


၁)

သူငယ်တန်းတက်စ ၅နှစ်သမီးလေး

“မေမေ .. မေမေ သမီးကို အတန်းထဲက ကောင်လေးက ကြိုက်လို့တဲ့။ သမီးကို ယူမယ်လို့ပြောတယ်”

“သမီးကိုယူဖို့ သူ့မှာ အလုပ်အကိုင်ရော ရှိလို့လား”

“ရှိတယ် မေမေ... သူက သမီးတို့အတန်းက ကျောက်သင်ပုန်းဖျက်တဲ့လူလေ”

၂)
မောင်မယ်သစ်လွင် ကြိုဆိုပွဲ

ကျောင်းသားသစ်..... ကျွန်တော်ငယ်ငယ်တုန်းက ဖြူဖြူဖွေးဖွေး ချစ်စရာလေး။ မေမေက ကျွန်တော့်ဆံပင်ကို ကောက်လိုက်တော့ မိန်း ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »
Category: အမောပြေ ရယ်စရာလေးများ | Views: 975 | Added by: TheCross | Date: 2009-05-28 | Comments (1)

(က)
အိမ်ထောင်ကျစ
မ။......... ။ တင်းနေအောင် ဖက်မထားနဲ့လေမောင်.. မ အသက်ရှုလို့ မဝတော့ဘူး။
မောင်။... ။ ဖက်မထားရင် မောင်အိပ်မပျော်လို့ပါ မရယ်။

နှစ်အတန်ကြာသော်
မ။......... ။ မောင်အိပ်ရင် မကို ဖက်မအိပ်တာကြာပြီနော်။
မောင်။...။။ ဖက်ပြီးအိပ်ရင် အသက်ရှုလို့ မဝဘူးဆိုတာ မသိဘူးလား။

(ခ)
ချစ်သူဘဝ
လူစည်ကားရာ နေရာတစ်ခုတွင် မောင်က မကို ပွေ့ဖက်လိုက်သည်။
မ။....... ။ မောင် ရူးနေလား? လူတွေကြည့်နေတယ်လေ.. ရှက်စရာကြီး
မောင်။..။ ကြည့်ကြည့်ပေါ့ မရယ်။ မောင်က ချစ်တာကို

အိမ်ထောင်ကျပြီးနောက်
မ။ ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »
Category: အမောပြေ ရယ်စရာလေးများ | Views: 1261 | Added by: TheCross | Date: 2009-05-28 | Comments (0)

က)
တစ်ခါက စာမေးပွဲတစ်ခုမှာ ဘာသာပြန်စာကြောင်းတွေကို မေးခဲ့တယ်။


၁) I put on my coat and found its first button was gone.
၂) He heard the phone ring and went to get the call.

ဒါကို မြန်မာလို ဘာသာပြန်ရမယ်ဆိုပါစို့...

၁) အနွေးထည်ကို ဝတ်လိုက်တာနဲ့ အင်္ကျီပေါ်က ပထမကြယ်သီး ပြုတ်နေတာကို ကျွန်တော် သတိထားလိုက်မိတယ်။

၂) ဖုန်းသံကြားတာနဲ့ ဖုန်းကို သူကောက်ကိုင်လိုက်တယ်။

ဒါကို ကလေးငယ်တစ်ယောက် ဖြေလိုက်တာက...
၁) shit !
၂) Hello ~ ဟူတည်း။

... အဆုံးထိဖတ်လိုလျှင် ဒီမှာ »
Category: အမောပြေ ရယ်စရာလေးများ | Views: 804 | Added by: TheCross | Date: 2009-05-28 | Comments (1)

Login form
ရှာဖွေရန်
Entries archive
Player


Copyright MZ Computer © 2024Create a free website with uCoz