တနင်္ဂနွေ, 2024-05-05, 10:56 PM
မင်္ဂလာပါ ဧည့်သည် | RSS
Site menu
Section categories
အမောပြေ ရယ်စရာလေးများ [72]
အချစ်နှင့်စဉ်းစားစရာလေးတွေ [18]
နိုင်ငံရပ်ခြားသတင်းများ [8]
ခံစားမိတာလေးတွေ [20]
ရေးချင်ရာရေးအသိပေး
200
ပြောကြပါဦး
ကျွန်ုတို့ ၀န်ဆောင်မှုအခြေအနေ
Total of answers: 161
Statistics

Total online: 1
Guests: 1
Users: 0
Main » 2010 » August » 28 » ကြော်ငြာ
ကြော်ငြာ
0:40 AM
လမ်းထဲက အမှတ် xxx မှာ ကျွန်တော်တို့ ပါတာချူ Internet ရိတ်ဖို့ဖွင့်ထားပါတယ် ။ ဆိုင်ဖွင့်ရိတ်ချိန်ကတော့ မနက် 9 နာရီကနေ ည 11 နာရီ အထိပါ မီးလာလာ မလာလာ User တွေ အတွက် အင်တာနက်သုံးဖို့ မီးမလာတဲ့ ဈေးနဲ့ပဲ အမြဲတန်း အဆင်သင့် ဖြစ်အောင်လုပ်ထားပါတယ် ။


ဆိုင်ခန်းက ကျယ်ကျယ် ဝန်းဝန်းရှိ ပြီး( ကွန်ပြူတာ မရှိလို့ပါ ) User များ လွတ်လွတ်လပ်လပ် အေးအေးဆေးဆေးသုံးလို့ အဆင်ပြေအောင်စီစဉ်ပေးထားပါ တယ် ။
ခေါက်ဆွဲ ၊ ကော်ဖီ အအေး စတဲ့ စားသောက်ဖွယ်ရာများကို လည်း အင်တာနက်သုံးရင်းနဲ့ သုံးမိနစ် အတွင်းပဲ အပြီး သုံးဆောင်နိုင်ပါတယ် ။
ဂိမ်း ကစားလိုတဲ့ လူတွေအတွက်လည်း Counter strike , Dota က စပြီး Red Alert 3 , Call of Duty : World at War တို့လို ဂိမ်း အမြင့်တွေအထိ မနိုင်တနိုင်နဲ့ တင်ပေးထားတဲ့ အတွက် သူငယ်ချင်းများအတူတူ ဆန့်ငင် ဆန့်ငင် နဲ့ ကစားလို့ရပါတယ် ။
အကယ်၍ connection ကျ ခဲ့ရင်လည်း စောင့်ဆိုင်းနေရတဲ့ အချိန်ကို free သုံးလို့မရတဲ့ အပြင်သုံးစွဲသူများ မသုံးမနေရ meta cafe ဟာသများ , flash ဂိမ်း အသေးစားလေးများ ကို ပိုက်ဆံ ထပ်ဆောင်းပေးပြီး ကစားနိုင်ပါတယ် ။
စက်မြန်နေတာမျိုးလည်း မရှိရအောင် အာမခံချက်ပေးထားတဲ့ အပြင် စက်များကို P11 celeron အမျိုး အစားများ ဖောဖောသီသီနဲ့ ကြိုးစားပြီးတော့ သုံးပေးထားပါတယ် ။ အကယ်၍ မြန်နေသောစက်တွေ့ပါက စက်၏ တန်ဖိုးအတိုင်းပေးဆောင်ပြီး ရိုက်ခွဲသွားနိုင်ပါတယ် ။

သုံးစွဲ သူများရဲ့ တန်ဖိုးမရှိတဲ့ အချိန်တွေနဲ့ တန်ဖိုးရှိတဲ့ ပိုက်ဆံ များကို ဖြုန်းပေးဖို့အတွက် အနှေးဆုံး dial - up လိုင်းနဲ့ အများဆုံး ရိတ်သောစနစ်များကို အချိုးညီညီ စနစ်တကျ ဝန်ဆောင်မှု ပေးထားပါတယ် ။
သုံးစွဲသူများ အနေနဲ့ Prepaid and Postpaid နှစ်ခါပေး စနစ်နဲ့ Play ရင်းပေး Play ပြီးလည်းပေး စနစ် နှစ်မျိုးလုံး ဖြင့် သုံးစွဲနိုင်သလို တနာရီသုံးပြီး နှစ်နာရီစာပေးစနစ်နဲ့ လဲ ဈေးနှုန်းသက်သာစွာသုံးစွဲနိုင်ပါတယ် ။

သုံးစွဲသူများ တန်းစီစောင့်ဆိုင်းခြင်းဖြ င့် အချိန်မကုန်ရလေအောင် server အပါအဝင် စုစုပေါင်း စက် 5 လုံး တိတိ ရှိပြီး ပထမ တစ်နာရီကိုတော့ 500 ကျပ်ဖြစ်ပြီး နောက်တစ်နာရီ သုံးလိုသူများကတော့ အခြားလူများကို ပိုမိုစောင့်ဆိုင်းရအောင်လုပ်တဲ့  အတွက် တစ်နာရီ 1000 ကျပ်ဖြစ်ပါတယ် ။
Member ဝင်လို သူများ အတွက်ကတော့ 10 နာရီကို 6000 ကျပ် ဖြစ်ပြီး Member ငါးခါ ပြည့် ရင် 5000 အပိုတောင်းပါတယ် ။ နာရီ 20 ကိုတော့ 13000 ကျပ်ဖြစ်ပြီး Member ငါးခါ ပြည့် ရင် 10000 အပိုတောင်းပါတယ်။

မိမိ ရဲ့ ကိုယ်ပိုင် laptop များ ယူလာပြီး သုံးစွဲမယ်ဆိုရင် ဆိုင်ရဲ့ ချောင်ကလိမှုကို ထိခိုက်စေတဲ့ အတွက် တစ်နာရီ 2000 ကျပ် နဲ့ သုံးလို့ ရပါတယ် ။ Scanning , Color Printing တို့ကိုလည်း ဈေးနှုန်း သက်သာစွာနဲ့ မဆောင်ရွက်ပေးတဲ့ အပြင် Internet ထဲမှ ဓာတ်ပုံများ ထုတ်လိုပါကလည်း download ခ ချက်ခြင်း ပေးရမှာဖြစ်ပါတယ် ။ ဆိုင်မှာ ဓာတ်ပုံ မထုတ်ပေးတဲ့ အတွက် ဓာတ်ပုံဆိုင်ကို လမ်းလျှောက်သွားရခြင်းအာြး ဖင့် သုံးစွဲသူများကို ကျန်းမာရေး ပိုမိုကောင်းမွန်အောင် ဝန်ဆောင်ပေးတဲ့ service လဲ ရှိပါတယ်။

ကျွန်တော်တို့ ပါတာချူ internet ရဲ့ customer များ၏ တန်ဖိုးရှိ ဖိနပ်များကို မပျောက်ရမရှိလေအောင် ကောင်တာမှာ ဝန်ထမ်းတစ်ယောက်ထားပြီးထိုင်ခိုးခိုင်းထားပါတယ် ။ နောက်နှစ် ခန့် တွင် အင်တာနက် နှင့် အတူ ဖိနပ်ဆိုင်ဖွင့်ရန် လည်း စီစဉ်ထားပါသဖြင့်
မိမိ ၏ ဖိနပ်များကို ဖိနပ်ဆိုင်ဘက်ခြမ်းတွင် လွယ်လင့်တကူ သံယောဇဉ်ဖြတ်၍ ချွတ်ထားခဲ့နိုင်တော့မှာဖြစ်ပါတ ယ် ။

ကဲ ဒီလောက်တောင် ပြည့်စုံ ကောင်းမွန်တဲ့ အင်တာနက်ဆိုင်ကို ဘာကြောင့် မလာပဲ နေကြမလဲ ????????? ကျွန်တော်တော့ စဉ်းစားလို့ကိုမရဘူးဗျာ ...
Category: အမောပြေ ရယ်စရာလေးများ | Views: 782 | Added by: TheCross | Rating: 4.5/2 |
Total comments: 1
1 MrTunTun  
0

အသင်းဝင်များသာ
[ အသင်းဝင်ရန် | Login ]
Login form
ရှာဖွေရန်
Entries archive
Player


Copyright MZ Computer © 2024Create a free website with uCoz