တနင်္လာ, 2024-04-29, 3:15 PM
မင်္ဂလာပါ ဧည့်သည် | RSS
Site menu
Section categories
အမောပြေ ရယ်စရာလေးများ [72]
အချစ်နှင့်စဉ်းစားစရာလေးတွေ [18]
နိုင်ငံရပ်ခြားသတင်းများ [8]
ခံစားမိတာလေးတွေ [20]
ရေးချင်ရာရေးအသိပေး
200
ပြောကြပါဦး
ကျွန်ုတို့ ၀န်ဆောင်မှုအခြေအနေ
Total of answers: 161
Statistics

Total online: 1
Guests: 1
Users: 0
Main » 2009 » June » 19

“ရေသန့်ဘူးခွံကလေးများ ပါရင်ချပေးပါ၊ ရေသန့် ဘူးခွံလေး ချပေးပါ”ဟု ဘီးလှိမ့်စပြုသည်အထိ ရထားဘေးတွင် ကပ်လိုက်ပြေးရင်း တကျော်ကျော် အော်နေသော ကလေး ၂ ဦးမှာ ရထား အရှိန်ပြင်းလာသည့်တိုင် ပြေးလိုက် နေဆဲ ဖြစ်သည်။

ရထားပေါ်မှ ပစ်ချလိုက်သော ၁ လီတာဝင် ရေသန့်ဘူးခွံလေးတခုကို ကလေး ၂ ယောက်က ပြေးနေရင်း အလုအယက် ကောက်ကြသည်။ သူတို့ဘေးတွင် အရှိန်ပြင်းစွာ ခုတ်မောင်းနေပြီ ဖြစ်သော ရထားကြီးနှင့်အပြိုင် လိုက်ပြေးကြရင်း ပါးစပ်ကလည်း အော်နေကြသည်။ အရှိန်ပြင်းသည်ထက်ပြင်းလာသော ရထားကို သူတို့ ဂရု မစိုက်၊ သူတို့အတွက် ရေသန့်ဘူးခွံလွတ်များ ရရှိရေးကသာ အရေးကြီးပုံ ရနေသည်။

တဘူးလျှင် ကျပ် ၁၀ နှင့် ပြန်ရောင်းနိုင်သော ရေသန့်ဘူးခွံတခွံ ရဖို့အရေး သူတို့ မည်သည့် အန္တရာယ်ကိုမျှ
မမြင်နိုင်ကြ၊ အခန့်မသင့်လျှင် ရန်ဖြစ်ကြသည်။ ထိုသံလမ်းပေါ်မှာပင် တယောက်နှင့်တယောက် နပန်းလုံးကြ သည်ကိုလည်း မြင်တွေ့ရသည်။

“ကျနော်က ရေသန့်ဘူးခွံတင်မဟုတ်ဘူး၊ ရောင်းလို့ရတာ အကုန်ကောက်တာပဲ၊ အမေက ကျနော်တို့ ကောက် ထားတဲ့ ဘူးခွံတွေကို ဒိုင်မှာ သွားရောင်းပေးတယ်၊ အဲဒီက ရတဲ့ ပိုက်ဆံနဲ့ ကျနော်တို့မောင်နှမ ကျောင်းတက်နေ ရတာ”ဟု အသက် ၉ နှစ်အရွယ် မောင် ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »

Category: ခံစားမိတာလေးတွေ | Views: 791 | Added by: TheCross | Date: 2009-06-19 | Comments (0)

အမျိုးသမီး တစ်ဦးက ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ ဖြည့်နေတုန်း သပ်သပ်ရပ်ရပ်
ဝတ်စား ထားတဲ့ ယောက်ျား တစ်ဦးက သူ့ကိုယ် သူ ကုမ္ပဏီ အရောင်းကိုယ်စားလှယ်
အဖြစ်နဲ့ သူမကို ရည်ရည်မွန်မွန် မိတ်ဆက်ရင်း ပစ္စည်း ၀ယ်ဖို့ လိုအပ် ရင်
ဆက်သွယ်ဖို့ လိပ်စာကဒ်ကို ပေးခဲ့တယ်။ သူမကလဲ သဘောရိုးနဲ့ လို့
ထင်မှတ်ပြီး ယဉ်ကျေးမှု အနေနဲ့ လိပ်စာကဒ်ကို လက်ခံပြီး ကားပေါ် ပြန်တက်လို့
မောင်းထွက် ခဲ့တယ်။ အဲဒီ အချိန်မှာပဲ အဲဒီ ယောက်ျားဟာ တခြား လူရည်သန့်
ယောက်ျား တစ်ဦး မောင်းတဲ့ ကားပေါ် တက်သွား ခဲ့တယ်။

ဓာတ်ဆီဆိုင်ထဲကနေ ကားမောင်း ထွက်လာတဲ့ သူမဟာ သူမရဲ့ ကားနောက်ကနေ စောစောက
ယောက်ျားက တချိန်တည်းမှာပဲ နောက်ယောင်ခံ ကားမောင်းလိုက်လာတာကို
နောက်ကြည့်မှန်က တဆင့် မြင်လိုက်တယ်။ အဲဒီအချိန်မှာပဲ သူမဟာ တအား
ခေါင်းကိုက်လာပြီး အသက်ရှူလို့ မရ ဖြစ်လာ ခဲ့တယ်။ သူမဟာ ကား
ပြတင်းပေါက်ကို ဖွင့်ဖို့ ကြိုးစားရင်းနဲ့ အနံ့ဟာ သူမရဲ့ လက်က လာတာ
ဖြစ်ကြောင်း သတိထားမိ လိုက်တယ်။ စောစောက ယောက်ျား လှမ်းပေးတဲ့ ကဒ်ကို
လက်ခံ ကိုင်မိတဲ့ လက်ဆီက လာတဲ့ အနံ့ပါ။

ရုတ်တရက် ပတ်ဝန်းကျင်ကို ပြန်ငဲ့ ကြည့်မိတဲ့အခါ ကဒ်ပေးတဲ့
ယောက်ျာ ... အဆုံးထိဖတ်လိုလျှင် ဒီမှာ »
Category: နိုင်ငံရပ်ခြားသတင်းများ | Views: 913 | Added by: TheCross | Date: 2009-06-19 | Comments (0)

Login form
ရှာဖွေရန်
Entries archive
Player


Copyright MZ Computer © 2024Create a free website with uCoz